မသိစိတ်ထဲက နာရီစက်သွားများ - The Power of Habit နှင့် ဘဝ၏ အချိုးအကွေ့



ဒီနေ့ ပိတ်ရက်မှာတော့ အယ်လီဖတ်နေတဲ့ စာအုပ်တစ်အုပ်နဲ့ ပတ်သက်ပြီး ညွှန်းပေးချင်တာပါ။ Charles Duhigg ရေးသားထားတဲ့ The Power of Habit ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။ လူတို့ရဲ့ အကျင့်၊အလေ့အထတွေကို ဖော်ပြရာမှာတော့ Cue, Routine, Reward စတဲ့ အဆင့်ဆင့် လုပ်ဆောင်ချက်တွေကို နိုင်ငံတကာက စီးပွားရေးပညာရှင်တွေ၊ ဆေးရုံတွေမှာရှိတဲ့ အဖြစ်အပျက်တွေ အပါအဝင် လူတစ်ယောက် ပြောင်းလဲလိုက်တဲ့ အလေ့အထ အကျင့်တစ်ခုဟာ ဘယ်လောက်အတိုင်းအတာမှာဆိုရင် ဘဝကြီးတစ်ခုလုံးကိုပါ ပြောင်းလဲသွားနိုင်လဲဆိုတာကို အခန်းဆက်တွေနဲ့ ဖော်ပြထားတာဖြစ်လို့ အယ်လီနဲ့အတူ စာဖတ်သူတွေက လေ့လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။


​This weekend, I’d like to share a glimpse into a book I’ve been immersed in: The Power of Habit by Charles Duhigg. It unravels the intricate layers of human behavior through the "Cue, Routine, and Reward" framework. By weaving together stories from global corporations to the quiet halls of hospitals, Duhigg illustrates how a single shifted habit can fundamentally rewrite the script of one's entire life. I invite you to join me on this journey of discovery.


​အယ်လီတို့ထဲမှ အများစုဟာ နေ့စဉ်လုပ်ဆောင်မှုများကို သေချာစဉ်းစားဆုံးဖြတ်ပြီးမှ လုပ်တယ်လို့ ထင်တတ်ကြတာများပါတယ်။ တကယ်တော့ အယ်လီတို့ ထင်သလိုမဟုတ်နေခဲ့ပါဘူး။ The Power of Habit စာအုပ်ကို ရေးသားသူ Charles Duhigg ၏ အဆိုအရ အယ်လီတို့ နေ့စဉ်လုပ်ဆောင်မှုများ၏ ၄၀ ရာခိုင်နှုန်းကျော်သည် အသိသတိကပ်ပြီး ဆုံးဖြတ်တာမဟုတ်ဘဲ ပုံမှန် မိမိတို့ရဲ့ တစ်နေ့တာ လုပ်ဆောင်နေတဲ့ အလေ့အထများကြောင့်ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ အလေ့အထတွေဟာ ဘယ်လိုဘယ်ပုံ အလုပ်လုပ်သလဲဆိုတာ သိမြင်နားလည်နိုင်ခဲ့ရင် ကမ္ဘာတစ်ဝှမ်းမှာရှိကြတဲ့ တစ်ကိုယ်ရေတိုးတက်မှု လိုလားသူတွေဟာ ရေရှည်ပြောင်းလဲမှုဆီကို ရှေ့ရှုသည့် ပထမဆုံးခြေလှမ်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။

​Many of us move through the day under the illusion that our actions are the fruit of conscious deliberation. In reality, they are often not. According to Duhigg, over 40% of our daily movements are not choices but habits—etched patterns of living. Understanding the mechanics of these habits is the first step toward the lasting transformation that seekers of personal growth worldwide strive for.


Duhigg ပြောတဲ့ထဲမှာ အယ်လီတို့ နေ့စဉ်သွားတိုက်တာကနေ ဖုန်းစစ်ခြင်းအထိ အလေ့အကျင့်တိုင်းကို The Habit Loop လို့ခေါ်သော အဆင့်သုံးဆင့်ပါ အာရုံကြောဆိုင်ရာ ပုံစံတစ်ခုက အလိုအလျောက် ဆောင်ရွက်နေတယ်လို့ ရှင်းပြထားပါတယ်။ ဒီအလေ့အကျင့် သံသရာဟာ လူတို့ ဦးနှောက်၏ အာရုံကြော ဆက်သွယ်မှုအသစ်များ တည်ဆောက်နိုင်စွမ်းရှိသည့် Neuroplasticity အပေါ်တွင် အခြေခံထားတာလည်း ဖြစ်တယ်။


Duhigg explains that every ritual, from the morning brush of your teeth to the instinctive check of your phone, is governed by a neurological pattern known as the "Habit Loop." This loop thrives on Neuroplasticity—the brain’s remarkable ability to rewire itself and forge new connections through repetition.


၁။ The Cue (လှုံ့ဆော်ချက်)

The Cue လို့ ခေါ်တဲ့ လှုံ့ဆော်ချက်ဆိုတာ အချက်ပေးချက်တစ်ခုလိုပဲ သင့်ဦးနှောက်ကို အလိုအလျောက်စနစ်တစ်ခုကဲ့သို့ (Automatic mode) ပြောင်းလဲရန်နှင့် မည်သည့်အလေ့အကျင့်ကို သုံးရမယ်ဆိုတာကို လှုံ့ဆော်ပေးတဲ့အရာလည်း ဖြစ်တယ်။ အဲဒီလှုံ့ဆော်ချက်ဟာ နေရာတစ်ခုနဲ့တစ်ခု၊ အချိန်တစ်ခုနဲ့တစ်ခု ကြားက စိတ်ခံစားမှု အခြေအနေ ဒါမှမဟုတ် သင်နှင့်အတူရှိနေသည့် လူတစ်ဦးဦးလည်း ဖြစ်နိုင်ပါတယ်။


1. The Cue (The Trigger)

The Cue is the spark—a trigger that signals your brain to enter its "automatic mode" and select a specific habit. It can be a place, a time of day, an emotional surge, or even the presence of a particular person.


၂။ The Routine (တုံ့ပြန်မှု)

Routine လို့ခေါ်တဲ့ တုံ့ပြန်မှုကတော့ သင်လုပ်ဆောင်လိုက်သည့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ခံစားချက်နှင့် ပတ်သက်တဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်တယ်။ အဲဒါဟာ သင်ပြောင်းလဲချင်သောအရာတစ်ခုခု သို့မဟုတ် ပိုမိုခိုင်မာအောင် လုပ်ချင်သော အပြုအမူတစ်ခုပင် ဖြစ်ပါတယ်။


2. The Routine (The Response)

The Routine is the action itself—be it physical, mental, or emotional. It is the core behavior we either seek to fortify or hope to change.


၃။ The Reward (ရလဒ်/ဆုလာဘ်)

ဒီ Reward ကတော့ ဆုလာဘ်အနေနှင့် သင်လုပ်ဆောင်လိုက်တဲ့ အပြုအမူ အလေ့အကျင့် သံသရာကို မှတ်သားထားပြီး နောင်အခါ ဒီအရာကို ထပ်မံလုပ်ဆောင်ဖို့အတွက် ထိုက်တန်သလားဆိုတာကို ဦးနှောက်က ဆုံးဖြတ်ပေးတဲ့အရာပဲ ဖြစ်ပါတယ်။ Reward ဟာ အပြုအမူတစ်ခုအတွက် အကောင်းမွန်ဆုံးသော တုံ့ပြန်မှုကို ပေးစွမ်းတဲ့အရာတစ်ခုဆိုရင်လည်း မမှားပါဘူး။


3. The Reward (The Outcome)

The Reward is the destination. It helps your brain decide if this particular loop is worth remembering for the future. It provides the positive reinforcement that makes a habit stick.


ဆေးလိပ်သောက်ခြင်းကို ဥပမာအနေနှင့်ထားကြည့်ရင် ဒီ Loop ရဲ့ အလုပ်လုပ်ပုံက ပိုထင်ရှားပါတယ်။

  • Cue (အချက်ပေးချက်): နေ့လယ်စာ စားပြီးခါစ အချိန် (သို့မဟုတ်) အလုပ်ဖိစီးမှု များလာချိန်။

  • Routine (အပြုအမူ): ဘာမှစဉ်းစားမနေဘဲ အလိုအလျောက် (Auto-pilot) ဆေးလိပ်ထုတ်ပြီး မီးညှိလိုက်ခြင်း။

  • Reward (ဆုလာဘ်): နီကိုတင်းကြောင့် ရရှိလာတဲ့ စိတ်ကျေနပ်မှုနဲ့ စိတ်အပန်းပြေမှု။


Consider the smoker: the Cue might be the conclusion of lunch. Without a second thought, the brain switches to Auto-pilot, starting the Routine of lighting up. The Reward? A rush of nicotine that brings a fleeting sense of relaxation




​ဒါကြောင့် ကျွန်ုပ်တို့ဟာ အကျင့်တစ်ခုကို ပြောင်းလဲချင်ရင် လှုံ့ဆော်မှု (Cue) ကို သတိထားကြည့်ပါ။ ပြီးရင် အဲဒီ Cue ကနေ ရလာမယ့် ဆုလာဘ် (Reward) ကို တခြား ပိုကောင်းတဲ့ တုံ့ပြန်မှု (Routine) တစ်ခုခုနဲ့ အစားထိုးကြည့်ဖို့ လိုပါတယ်။ ဒီသံသရာကို နားလည်သွားတဲ့ အခါ 'ငါ စိတ်ဓာတ်မခိုင်မာဘူး' ဆိုတဲ့ အတွေးမှ 'ငါ့မှာ ပိုကောင်းတဲ့ စနစ်တစ်ခု လိုအပ်နေတာပဲ' ဆိုတဲ့ အတွေးကို ပြောင်းလဲသွားစေပါတယ်။

​"Therefore, if we wish to transform a habit, we must first scrutinize the Cue. We then need to replace the Routine with a more constructive action while preserving the same Reward. Once we grasp this cycle, our internal dialogue shifts from 'I lack willpower' to the empowering realization that 'I simply need a better system.'


​အယ်လီတို့ဟာ အလျင်စလို ရှင်သန်နေရတဲ့ လူ့အဖွဲ့အစည်းမှာ စိတ်ဖိစီး၍ အစားအသောက် အလွန်အကျွံစားခြင်း ဒါမှမဟုတ် ဖုန်းကို မကြာခဏကြည့်နေမိခြင်း စတဲ့ သံသရာများထဲကို လည်ပတ်ဖို့ ပိုလွယ်ကူပါတယ်။ ဒါပေမယ့် လှုံ့ဆော်မှု (စိတ်ဖိစီးမှု) ကို သိရှိပြီး ဆုလာဘ် (စိတ်ပြေလျော့မှု) ကို ဆက်လက်ထိန်းသိမ်းထားခြင်းဖြင့်၊ မကောင်းသော တုံ့ပြန်မှု (ဖုန်းကြည့်ခြင်း) ကို ပိုမိုကောင်းမွန်သော အရာတစ်ခု (တရားထိုင်ခြင်း သို့ စာဖတ်ခြင်း) နှင့် အစားထိုးနိုင်ပါတယ်။


"In our fast-paced society, it is all too easy to fall into loops of stress-eating or endless digital scrolling. However, by identifying the Cue (stress) and maintaining the Reward (relaxation), we can successfully swap a destructive Routine (scrolling) for a healthier alternative, such as meditation or reading."


​အယ်လီတို့ လူ့အဖွဲ့အစည်းအတွင်းမှာ စစ်မှန်တဲ့ တိုးတက်မှုဟာ သင်တို့ ကျွန်ုပ်တို့ရဲ့ ဦးနှောက်မှာ ပြောင်းလဲနိုင်စွမ်းရှိပြီး အသစ်ပြန်လည် တည်ဆောက်နိုင်သည်ကို သတိပြုမိချိန်မှ စတင်တာပါ။ သင်ဟာ သင်၏ အလေ့အကျင့်ဟောင်းများထဲမှာ ပိတ်မိနေသူ မဟုတ်ပါဘူး။ သင်ဟာ အလေ့အထသံသရာ တစ်ခုကို ပြောင်းလဲရုံဖြင့် ဘဝသစ်တစ်ခုသို့ ရောက်ရှိနိုင်သူ ဖြစ်ပါတယ်ဆိုတာ ဒီစာအုပ်က ပြောပြနေတာလည်း ဖြစ်ပါတယ်။


Genuine growth begins the moment we realize our brains are plastic—capable of being rebuilt and renewed. You are not a prisoner to your past habits; you are simply a loop away from a new life. This is the promise this book holds for us all.


​ဒီလိုအရာတွေကို ဘယ်လိုပြောင်းလဲရမလဲဆိုတာ နောက်တစ်ပတ် Sunday မှာ အယ်လီက ပြောပြပေးသွားမှာမို့ ဆက်လက်ဖတ်ရှုဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ 


Join me next Sunday as I dive deeper into how we can practically change these patterns. 


သင်တို့ရဲ့ အယ်လီ Blog ကို English-Myanmar နှစ်ဘာသာနဲ့ ဖတ်ရှုနိုင်တဲ့အပြင် သင်တို့ရဲ့ မကောင်းတဲ့ အလေ့အကျင့်တွေက ဘာတွေဖြစ်နိုင်မလဲဆိုတာ ဒီတစ်ပတ်မှာ တွေးတောဖို့အတွက် အယ်လီက တင်ပြပေးခဲ့တာပါ။


Until then, reflect on the silent habits governing your life. Thank you for reading Ellebert’s Journal, available in both English and Myanmar.


#ThePowerOfHabit #HabitLoop #PersonalDevelopment 

#Psychology #MyanmarBlog #SelfImprovement 

#BookReviewMyanmar #ElleBertsJournal


Comments