Posts

Showing posts with the label BookReview

စာဖတ်ခြင်းမှပေးတဲ့ ဘဝလက်ဆောင်

Image
ဒီတပတ် စနေ့နေ့လေးမှာတော့ စာဖတ်ခြင်းကရတဲ့ အတွေးအကြံ၊ ဘဝရင့်ကျက်မှုအပေါ် အခြေခံပြီး စာဖတ်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးခြင်းတွေကို မျှဝေပေးချင်ပါတယ်။  This Saturday, I would like to share the insights gained from reading, and the pros and cons of reading based on life maturity. အယ်လီ ၅ တန်းအရွယ်လောက်ကတည်းက အမေက ဆရာကောင်းသန့်ရဲ့ "သမီးလေးဖတ်ဖို့" စာအုပ်တွေကို အတွဲလိုက်ဝယ်ပေးပြီး စာဖတ်တဲ့အလေ့အထကို ပျိုးထောင်ပေးခဲ့ပါတယ်။ ဆရာ့ရဲ့ စာတွေက ငယ်ရွယ်တဲ့ကလေးတွေကို ရည်ရွယ်တာဖြစ်တဲ့အတွက် ပညာပေးရသကို ပေးစွမ်းနိုင်သလို ၁၀ တန်းပြီးလို့ Computer သင်တန်းတက်ပြီး အိမ်မှာပဲ အချိန်ကုန်နေရတဲ့ ကာလမှာတော့ ဘယ်​ကရောက်လာမှန်းမသိတဲ့ ဆရာဖေမြင့်ရဲ့ ဘာသာပြန်စာအုပ်တွေကို ဖတ်ရှုရဖူးတယ်။  Ever since I was about in the 5th grade, my mother bought the "For My Daughter" book series by Sayar Kaung Thant in sets, nurturing my reading habit. Since his writings were intended for young children, they provided educational aesthetics. After finishing the 10th grade, during the period when I was attending a computer...