About Me
Elle Bert - Digital Creator & Professional Data Analyst
Hello and Welcome! I’m Elle Bert.
ကျွန်မဟာ ၂၀၁၈ ခုနှစ်မှာ ဘွဲ့ရရှိခဲ့ပြီးနောက် Celebrity တွေနဲ့ ကြေညာတဲ့ Cooking Magazine တစ်ခုရဲ့ Editorial Production ပိုင်းမှာရော၊ နာမည်ကျော် အနုပညာရှင်တွေရဲ့ ကြော်ငြာဖန်တီးမှု (Creative Production) ပိုင်းမှာပါ လုပ်ကိုင်ခဲ့တဲ့ အတွေ့အကြုံရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒေသအသီးသီးက အရောင်းဒေတာတွေကို စီမံခန့်ခွဲရတဲ့ အလုပ်ကို လုပ်ကိုင်နေပါတယ်။
A 2018 graduate, my professional journey has spanned from Editorial Production for a cooking magazine to Creative Production for celebrity commercials on the JOOX platform. Currently, I manage data reporting and sales analysis across multiple regional branches.
ကျွန်မရဲ့ လက်ရှိလုပ်ငန်းခွင်ဟာ လယ်ယာသုံး စက်ပစ္စည်းကိရိယာတွေနဲ့ နီးစပ်တာကြောင့် ဒီ Blog မှာ ကျွန်မရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ တင်ဆက်မှုတွေသာမက၊ အလျဉ်းသင့်သလို လယ်ယာသုံး စက်ကိရိယာတွေအကြောင်းနဲ့ ကျွန်မရဲ့ လုပ်ငန်းခွင် အတွေ့အကြုံ ဗဟုသုတတွေကိုပါ ဝေမျှပေးသွားဖို့ ရှိပါတယ်။
In my current role, I work closely with agricultural machinery and equipment. Therefore, alongside my reflective writings, I plan to share insights and technical knowledge related to the agricultural sector and my professional experiences in this field.
Elle Bert’s Journal ကို တည်ထောင်ဖြစ်ခဲ့တဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မရဲ့ နေ့စဉ်ဘဝ အတွေ့အကြုံတွေ၊ ဖတ်ရှုခဲ့တဲ့ စာအုပ်တွေနဲ့ ကြည့်ရှုခဲ့တဲ့ ရုပ်ရှင်တွေကနေတစ်ဆင့် ရရှိလာတဲ့ အတွေးအခေါ်တွေကို စိတ်ပညာရှုထောင့် (Psychological Perspective) ကနေ ပြန်လည်မျှဝေချင်လို့ပဲ ဖြစ်ပါတယ်။ ကျွန်မဟာ ဘဝရဲ့ လက်တွေ့ကျတဲ့ အခြေအနေတွေကို Surrealism (အိပ်မက်ဆန်သော အနုပညာ) နဲ့ ပေါင်းစပ်ပြီး အမြင်သစ်တစ်ခုနဲ့ ရှုမြင်ရတာကို နှစ်သက်ပါတယ်။ ဒီ Blog မှာ တင်ဆက်သမျှ အကြောင်းအရာတိုင်းဟာ စာဖတ်သူတို့အတွက် တစ်စုံတစ်ရာသော အတွေးအမြင်သစ် ဒါမှမဟုတ် စိတ်ခွန်အားတစ်ခုခု ရရှိစေမယ်လို့ မျှော်လင့်ပါတယ်။
Elle Bert’s Journal was born out of a desire to document my personal growth and insights. Here, I explore life’s experiences, literature, and cinema through a psychological lens. I have a deep appreciation for blending reality with surrealism, seeking to find meaning in the unexpected. My goal is to maintain a daily writing habit that not only fuels my own development but also offers readers a fresh perspective on human behavior and the beauty of life.
ကျွန်မရဲ့ ပို့စ်တွေကို ဖတ်ရှုပေးကြတဲ့ နိုင်ငံဒေသအသီးသီးက စာဖတ်သူတွေကို ကျေးဇူးတင်သလို လိုအပ်တာတွေကိုလည်း Comment မှာ ဝေဖန် ဆွေးနွေးပေးကြဖို့လည်း နွေးထွေးစွာ ဖိတ်ခေါ်ပါတယ်ရှင့်။

Comments
Post a Comment