နာရီလက်တံတွေ လိပ်ပြာဖြစ်သွားတဲ့အခါ - When Clocks Turn to Butterflies


                          Photo - Credit for Someone



ကိုယ်တို့ရဲ့ အခန်းထဲကို ညဦးယံရဲ့ အပြာရောင် ပင်လယ်ပြင်ကြီး တိုးဝှေ့စီးဝင်လာတယ်။ ဒါပေမဲ့ အဲဒီရေလှိုင်းတွေက ကိုယ်တို့ကို ရေမစိုစေဘဲ ခန္ဓာကိုယ်ကို ပေါ့ပါးသွားစေပြီး လေထဲမှာ လွင့်မျောစေခဲ့တယ်။


The vast blue ocean of the dusk surges into our room. Yet, these tides do not drench us; instead, they make us weightless, letting us drift and float into the ether.


​အခန်းထောင့်က နာရီအိုကြီးဟာ သံပတ်တွေ ပွင့်ထွက်သွားပြီး နာရီလက်တံတွေက လိပ်ပြာတောင်ပံတွေလို တဖျတ်ဖျတ်ခတ်ရင်း ပြတင်းပေါက်ကနေ ပျံထွက်သွားကြပြီ။ အချိန်တွေဟာ ပျောက်ဆုံးသွားပေမဲ့ ကိုယ်မင်းကို သတိရမိတဲ့ မနက်ခင်းတွေလို နေ့ရက်တိုင်းဟာ အတောင်တဖျတ်ဖျတ်နဲ့ လှပနေဆဲပါပဲ အချစ်ရေ...။


In the corner, the ancient clock unravels, its springs snapping as the hands flutter like butterfly wings, escaping through the window. Time is lost, yet every day remains as beautiful and vibrant as the mornings I spend missing you—a constant, rhythmic beating of wings, my love.


​ကိုယ်မကြာခဏ တွေ့မြင်ခဲ့ရတဲ့ မင်းရဲ့ အပြုံးလေးဟာ လေထုထဲက စန္ဒရားသံလို ပျံ့လွင့်နေဆဲ။ ကိုယ် ဖမ်းဆုပ်ရခက်တဲ့ ဒြပ်မဲ့နာမ်ဟာ နွေးထွေးတဲ့ သဲပွင့်လေးတွေအဖြစ် ပြောင်းလဲပြီး လက်ချောင်းကြားကနေ လွင့်စင်သွားကြပြန်ရော။


Your smile, which I’ve beheld so often, still lingers in the air like a drifting piano melody. An intangible essence I can never quite grasp, it transforms into warm grains of sand, slipping away through the spaces between my fingers.


​ကိုယ်မပိုင်ဆိုင်ခဲ့ရတဲ့ နေ့ရက်တွေနဲ့ အလွမ်းဟာ... မင်းရဲ့ အပြုံးလို မြင်လွှာမှာ စူးရှရှနဲ့ ရင်ဘတ်ထဲအထိ အေးမြသွားစေတဲ့ ထူးဆန်းတဲ့ အရသာတစ်မျိုး ပါပဲ။


The days I never owned and the longing I hold... they carry a strange flavor—piercing like the brilliance of your smile, yet sending a cooling shiver deep into my chest.


​အရောင်အသွေးမရှိတဲ့ ခဲရောင်စက္ကူရုပ် လူအုပ်ကြီးကြားမှာ ကိုယ်တို့ မမြင်ယောင်ဆောင်နေခဲ့ကြ။ သို့ပေမယ့် ကိုယ်တို့ရဲ့ မျက်ဝန်းထောင့်ချိုးတွေဟာ ဖန်သားပြင်တွေလို ပွင့်ဟသွားပြီး အဲဒီထဲမှာ တစ်ယောက်အတွက် တစ်ယောက် သီးသန့်ကမ္ဘာတစ်ခုကို တည်ဆောက်ထားခဲ့ကြတာ။


Amidst the colorless crowd of grey paper cutouts, we pretended not to see. Yet, the corners of our eyes opened like crystal panes, and within them, we built a private world exclusively for one another.


​လူသူမထင်ရှားတဲ့ ကောင်းကင်ယံကနေ ပွင့်ချပ်တွေဟာ မိုးစက်တွေလို ရွာကျနေပြီး မြေပြင်မှာ ခုန်ပေါက်နေကြပြန်တယ်။ ဝင်ရိုးကို စွန့်ခွာပြီး ပြောင်းပြန်လည်နေတဲ့ ကမ္ဘာမြေရဲ့ မျက်နှာကျက်ပေါ်မှာ လမ်းလျှောက်ရင်း ကြယ်ကလေးတွေကို နင်းမိတဲ့အခါတိုင်း ကိုယ့်နှလုံးသားလေးဟာ ဖန်ကျကွဲသံလို သာယာတဲ့ တုန်ခါမှုတွေလို ခြေဖဝါးကနေတစ်ဆင့် နှလုံးသားအထိ စီးဝင်နေခဲ့။


Petals rain down like droplets from an obscure sky, dancing upon the earth. Walking on the ceiling of a world that has abandoned its axis and spins in reverse, every time I step on a star, a vibration as melodious as shattering glass echoes from my feet straight into my heart.


​ချစ်မေတ္တာဟာ ဖန်သားပြင်ပေါ် အရည်ပျော်ကျလာတဲ့ ဆေးရောင်စုံဆိုရင် ကိုယ်တို့ရဲ့ ဝိညာဉ်နှစ်ခုကို တစ်သားတည်းဖြစ်အောင် ပေါင်းစပ်ပေးလိုက်တဲ့ မှော်အတတ်တစ်ခုအဖြစ် ရှိနေခဲ့မယ်။ အချိန်တွေဟာ သဲပွင့်တွေလို လွင့်စင်ပျောက်ကွယ်သွားပါစေ...


If love were a palette of colors melting across a glass canvas, it would be the magic that fused our two souls into one. Let the hours scatter and vanish like grains of sand...


​ကမ္ဘာငယ်လေးထဲက အိပ်မက်ဆန်မှုမှာ လှပကြည်လင်တဲ့ အရောင်တွေဟာ ပင်လယ်ပြင်ရဲ့ လှိုင်းပုတ်သံလို ကိုယ်ခံစားမိတဲ့ မင်းရဲ့အသက်ရှူသံအဖြစ်... ငြိမ်သက်ခြင်းတွေထဲမှာ ထာဝရအဖြစ် တည်ရှိနေခဲ့။ အိပ်မက်ကတော့ အသက်ဝင်လျက် ဆက်ရှိနေဆဲ။


In the surrealism of our little world, the vivid, crystalline colors remain—persisting as your breath that I feel, like the rhythmic crashing of ocean waves... an eternity held within the silence. The dream remains, breathing and alive.


#Surrealism #PoeticJustice #Dreamscape #ArtisticVibes #LovePoems #AestheticWriting #DigitalJournal #Ethereal #Storytelling #Metaphor

Comments

Popular posts from this blog

Welcome to Elle Bert's Journal!

နာကျင်မှုကို ရှုထောင့်အသစ်မှ ရှုမြင်ကြည့်ခြင်း