မသိစိတ်ထဲက နာရီစက်သွားများ - The Power of Habit နှင့် ဘဝ၏ အချိုးအကွေ့
ဒီနေ့ ပိတ်ရက်မှာတော့ အယ်လီဖတ်နေတဲ့ စာအုပ်တစ်အုပ်နဲ့ ပတ်သက်ပြီး ညွှန်းပေးချင်တာပါ။ Charles Duhigg ရေးသားထားတဲ့ The Power of Habit ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။ လူတို့ရဲ့ အကျင့်၊အလေ့အထတွေကို ဖော်ပြရာမှာတော့ Cue, Routine, Reward စတဲ့ အဆင့်ဆင့် လုပ်ဆောင်ချက်တွေကို နိုင်ငံတကာက စီးပွားရေးပညာရှင်တွေ၊ ဆေးရုံတွေမှာရှိတဲ့ အဖြစ်အပျက်တွေ အပါအဝင် လူတစ်ယောက် ပြောင်းလဲလိုက်တဲ့ အလေ့အထ အကျင့်တစ်ခုဟာ ဘယ်လောက်အတိုင်းအတာမှာဆိုရင် ဘဝကြီးတစ်ခုလုံးကိုပါ ပြောင်းလဲသွားနိုင်လဲဆိုတာကို အခန်းဆက်တွေနဲ့ ဖော်ပြထားတာဖြစ်လို့ အယ်လီနဲ့အတူ စာဖတ်သူတွေက လေ့လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ This weekend, I’d like to share a glimpse into a book I’ve been immersed in: The Power of Habit by Charles Duhigg. It unravels the intricate layers of human behavior through the "Cue, Routine, and Reward" framework. By weaving together stories from global corporations to the quiet halls of hospitals, Duhigg illustrates how a single shifted habit can fundamentally rewrite the script of one's entire life. I invite you to ...