Posts

Showing posts from April, 2026

ကဆုန်လပြည့် ဗုဒ္ဓနေ့မှသည် ဘဝ၏ဖြစ်တည်မှု စက်ဝန်းဆီသို့ (Reflection on Buddha Day

Image
ဧပြီလကုန်ရဲ့ ပြင်းထန်တဲ့ အပူရှိန်က ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ တရိပ်ရိပ်တက်လို့နေပါတယ်။ ဖုန်မှုန့်တွေ၊ ကားသံတွေနဲ့ လူမှုဘဝရဲ့ ရုန်းကန်မှုတွေကြားမှာ ကျွန်မတို့အားလုံးဟာ အအေးဓာတ်တစ်ခုကို တမ်းတမိကြတာ အမှန်ပဲ။  The intense late-April heat shimmers across the streets of Yangon. Amidst the swirling dust, the roar of traffic, and the daily hustle of life, we all find ourselves yearning for a moment of cool respite. ဒီနေ့ ဧပြီလ ၃၀ ရက်နေ့ဟာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ နေ့တစ်နေ့လည်းဖြစ်တဲ့ "ကဆုန်လပြည့် (ဗုဒ္ဓနေ့)" ဖြစ်ပါတယ်။ ဒီနေ့လို နေ့ထူးနေ့မြတ်မှာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများဟာ ဘုရားကျောင်းကန်သွားခြင်း၊ ဥပုသ် သီလ ဆောက်တည်ခြင်း၊ အလှူအတန်း ဒါနပြုခြင်း အစရှိသဖြင့် အသီးသီးလုပ်ဆောင်ကြပါတယ်။  Today, April 30th, marks a sacred day for Myanmar Buddhists—"Kasone Full Moon (Buddha Day)." On this auspicious day, Buddhists across the country visit pagodas, observe the precepts, and practice generosity through various acts of merit. ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဘဝဖြ...

Yanmar EF Series အပိုပစ္စည်း ရွေးချယ်မှု လမ်းညွှန်

Image
မင်္ဂလာပါရှင်။ ဒီနေ့မှာတော့ အယ်လီက စက်မှုလုပ်ငန်းသုံး ပစ္စည်းတွေနဲ့ လယ်ယာသုံး စက်ကိရိယာတွေ ဝယ်ယူတဲ့အခါ ငွေကုန်ကြေးကျ သက်သာပြီး ပစ္စည်းမှားယွင်းမှု မရှိစေဖို့အတွက် အဓိကထား ဂရုစိုက်ရမယ့် အပိုပစ္စည်းရွေးချယ်နည်း လမ်းညွှန်လေး ကို မျှဝေပေးချင်ပါတယ်။ အထူးသဖြင့် Yanmar EF Series အသုံးပြုသူတွေအတွက် ရည်ရွယ်ပါတယ်ရှင်။ Greetings! Today, I’d like to share a comprehensive spare parts selection guide to help you save costs and avoid incorrect purchases when buying industrial and agricultural machinery parts, specifically for Yanmar EF Series users. Yanmar EF Series သုံးစွဲသူတွေအနေနဲ့ အပိုပစ္စည်းဝယ်ယူတဲ့အခါ မော်ဒယ်အလိုက် Part Number တွေ မတူညီတာမျိုးကို ကြုံတွေ့ဖူးကြမှာပါ။ အပိုပစ္စည်းကို မှန်ကန်စွာ ရွေးချယ်တတ်ဖို့က ငွေကုန်ကြေးကျ သက်သာစေရုံတင်မကဘဲ မိမိတို့ရဲ့ တန်ဖိုးရှိလှတဲ့ စက်ရဲ့သက်တမ်းကိုပါ ပိုမိုကြာရှည်ခံစေမှာ ဖြစ်ပါတယ်။ Owners of the Yanmar EF Series often encounter different Part Numbers for various models. Selecting the correct spare parts not only reduces expenses but also significantly ...

၈ နှစ်ကြာမှ ပြန်ပွင့်လာတဲ့ ဒိုင်ယာရီတစ်အုပ် (သို့မဟုတ်) အယ်လီ့ရဲ့ ခြေလှမ်းသစ်

Image
တစ်ခုခုကို အသစ်ကနေ ပြန်စဖို့ စဉ်းစားတိုင်း လူတိုင်း ကြောက်လန့်ဖူးကြမှာပါ။ ကျွန်မ (အယ်လီ) လည်း ဒီ Blog လေးကို စတင်ဖို့ ပြင်ဆင်နေချိန်မှာ အဲဒီလိုပဲ ခံစားခဲ့ရပါတယ်။ တကယ်တော့ ဒီ Blog ကို ဖွင့်ခဲ့တာက လွန်ခဲ့တဲ့ ၈ နှစ်၊ ၂၀၁၈ ခုနှစ် ဘွဲ့ရပြီးခါစ အချိန်ကတည်းကပေါ့။ အဲဒီအချိန်မှာ အယ်လီဟာ လုပ်ငန်းခွင်ထဲမှာ ငွေကြေးနဲ့ မိသားစုဆိုတဲ့ တာဝန်တွေကို စတင်ထမ်းဆောင်နေရတဲ့ အသက်နှစ်ဆယ်ကျော်စွန်းစွန်း ကောင်မလေးတစ်ယောက်သာ ဖြစ်ပါသေးတယ်။ Everyone feels a sense of fear whenever they consider starting something anew. I, too, shared that same apprehension while preparing to relaunch this blog. In truth, I first created this blog eight years ago in 2018, shortly after my graduation. Back then, I was just a young woman in her early twenties, beginning to navigate the responsibilities of career, finance, and family. ​ဒီ Blog ကို ပြန်လည်စတင်ဖို့ တွေးမိတဲ့အချိန်က အလုပ်ထဲက Meeting Room တစ်ခုထဲမှာပါ။ ယနေ့ဟာ AI ခေတ်ဖြစ်တဲ့အတွက် AI နည်းပညာကို ကျွမ်းကျင်လိမ္မာမှု မရှိသေးတဲ့ ကိုယ်လိုလူတစ်ယောက်အတွက် အရာရာဟာ အစိမ်းသက်သ...

Monday ဆိုတာ ပြန်လည်ဆုံတွေ့ခြင်း မဟုတ်ပါ... အကြွေးဆပ်ခြင်းသာ ဖြစ်သည်

Image
ဒီနေ့မှာတော့ "Monday Syndrome" ကို အပြင်းအထန် ခံစားနေရရှာတဲ့ အယ်လီ့ရဲ့ လုပ်ငန်းခွင်ထဲက Partner တွေအားလုံးကို Motivate (ခွန်အား) ပေးချင်တာနဲ့ ဒီစာလေးကို ရေးလိုက်ရပါတယ်။  Today, I am writing this to motivate all my workplace partners who are struggling with "Monday Syndrome." ညက ဇာတ်လမ်းကောင်းလို့ပဲဖြစ်ဖြစ်၊ အတွေးလွန်လို့ပဲဖြစ်ဖြစ် "ပန်ဒါမျက်လုံးလေးတွေ" နဲ့ နိုးထလာပြီး အလုပ်သွားဖို့ ပြင်ဆင်နေကြမယ့် မိတ်ဆွေများအားလုံးအတွက် အယ်လီက "Monday Blues" အကြောင်းလေးကို ရေးသားတင်ဆက်ပေးလိုက်ပါတယ်ရှင်။ အိပ်ချင်မူးတူးနဲ့ အလုပ်သွားနေကြသူများ Bus ပေါ်မှာပဲဖြစ်စေ၊ Ferry ပေါ်မှာပဲဖြစ်စေ ဒီစာလေးကို ဖတ်ရင်း ခဏတာ ပြုံးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။   For all my friends who woke up with "panda eyes" from staying up late watching movies or overthinking, Elle presents this little piece about the "Monday Blues." Whether you're on a bus or a ferry half-asleep, I hope reading this brings a small smile to your face. တနင်္ဂနွေညက ဇာတ်ကားကြ...

မသိစိတ်ထဲက နာရီစက်သွားများ - The Power of Habit နှင့် ဘဝ၏ အချိုးအကွေ့

Image
ဒီနေ့ ပိတ်ရက်မှာတော့ အယ်လီဖတ်နေတဲ့ စာအုပ်တစ်အုပ်နဲ့ ပတ်သက်ပြီး ညွှန်းပေးချင်တာပါ။ Charles Duhigg ရေးသားထားတဲ့ The Power of Habit ဆိုတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။ လူတို့ရဲ့ အကျင့်၊အလေ့အထတွေကို ဖော်ပြရာမှာတော့ Cue, Routine, Reward စတဲ့ အဆင့်ဆင့် လုပ်ဆောင်ချက်တွေကို နိုင်ငံတကာက စီးပွားရေးပညာရှင်တွေ၊ ဆေးရုံတွေမှာရှိတဲ့ အဖြစ်အပျက်တွေ အပါအဝင် လူတစ်ယောက် ပြောင်းလဲလိုက်တဲ့ အလေ့အထ အကျင့်တစ်ခုဟာ ဘယ်လောက်အတိုင်းအတာမှာဆိုရင် ဘဝကြီးတစ်ခုလုံးကိုပါ ပြောင်းလဲသွားနိုင်လဲဆိုတာကို အခန်းဆက်တွေနဲ့ ဖော်ပြထားတာဖြစ်လို့ အယ်လီနဲ့အတူ စာဖတ်သူတွေက လေ့လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။ ​This weekend, I’d like to share a glimpse into a book I’ve been immersed in: The Power of Habit by Charles Duhigg. It unravels the intricate layers of human behavior through the "Cue, Routine, and Reward" framework. By weaving together stories from global corporations to the quiet halls of hospitals, Duhigg illustrates how a single shifted habit can fundamentally rewrite the script of one's entire life. I invite you to ...

"နေ့ရက်တိုင်းဟာ အဖိုးတန်တဲ့ လက်ဆောင်တစ်ခုပါ - About Time Movie Review"

Image
ကျွန်မတို့အားလုံးမှာ "အချိန်ကို နောက်ပြန်လှည့်ခွင့်ရရင်..." ဆိုတဲ့ နောင်တမျိုး ဒါမှမဟုတ် ဆန္ဒမျိုး တစ်ခါလောက်တော့ ရှိဖူးကြမှာပါ။ အကယ်၍ စာဖတ်သူတို့သာ အချိန်တွေကို စိတ်ကြိုက် ပြန်ပြင်ခွင့်ရမယ်ဆိုရင် ဘာတွေလုပ်ဖြစ်ကြမလဲ? We have all, at some point, harbored the regretful longing to turn back the clock. If you possessed the power to rewrite your history, what moments would you change? ဒီနေ့လို အေးချမ်းလှတဲ့စနေနေ့ညလေးမှာ အယ်လီက အားလုံးကို စိတ်ထဲတင်ကျန်နေစေမယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ရှုဖူးသူတွေ ရှိကြမှာဖြစ်ပေမဲ့ အယ်လီကတော့ အနည်းဆုံး ၃ ခါလောက်အထိ ထပ်ခါတလဲလဲ ကြည့်ဖြစ်ခဲ့ပါတယ်။ "About Time" ဟာ အချိန်ခရီးသွားခြင်း (Time Travel) ဆိုတဲ့ သိပ္ပံနောက်ခံကားမျိုး မဟုတ်ဘဲ လူသားတို့ရဲ့ အချစ်၊ မိသားစုနဲ့ "နေ့ရက်တိုင်းရဲ့ တန်ဖိုး" ကို အလှပဆုံး ပုံဖော်ထားတဲ့ ရုပ်ရှင်တစ်ကားဆိုရင်လည်း မမှားပါဘူး။ ဒီဇာတ်ကားကို Notting Hill နဲ့ Love Actually တို့လို ကမ္ဘာကျော်ဇာတ်ကားတွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Richard Curtis က ရေးသားရိုက်ကူးထားတာပါ။ On t...

​The Alchemy of Perspective: Beyond Our Wounds

Image
ယနေ့ညရဲ့ ဆောင်းပါးအဖြစ် အမေရိကန်လူမျိုး နာမည်ကျော် လူရွှင်တော်၊ ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနဲ့ ထုတ်လုပ်သူတစ်ဦး ဖြစ်တဲ့ Mel Brooks ရဲ့ နာမည်ကြီး လူသိများတဲ့စာသားတစ်ခုကို အခြေခံပြီး စိတ်ပညာနှင့် ရှုထောင့်အပြောင်းအလဲကို ထပ်မံလေ့လာကြည့်ဖို့ တင်ပေးလိုက်ပါတယ်။ အယ်လီ့ရဲ့ blog မှာဆိုရင် english-myanmar နှစ်ဘာသာဖြင့် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်ရှင့်။  New post alert! 📝 Tonight, we’re looking at life through the lens of Mel Brooks. Join me on Elle’s blog to discover how psychology and perspective go hand in hand. Read it in English and Myanmar now! အလွမ်း (ဒုက္ခ) ဆိုတာ ငါ့လက်ညှိုးလေး ဓားရှသွားတာမျိုးပါ။  ဟာသဆိုတာကတော့ မင်း ရေဆိုးမြောင်းအဟောင်းသားထဲ ပြုတ်ကျပြီး သေသွားတာမျိုးလေ။ "Tragedy is when I cut my finger. Comedy is when you walk into an open sewer and die." ရှုထောင့်အသစ်ကနေ ကြည့်မြင်ခြင်း၏ အဂ္ဂိရတ်အတတ် - အနာတရများအား ကျော်လွန်၍ Mel Brooks ရဲ့ ဒီစကားက ရယ်စရာလိုလိုနဲ့ ခပ်စပ်စပ် ရှိလှပေမဲ့ သိပ်နက်ရှိုင်းတဲ့ စိတ်ပညာ အမှန်တရားတစ်ခုအနေနှင့် ကိန်းအောင်းနေတယ်လို့ ကျွန်မတော့ ယူဆမိ...

နာကျင်မှုကို ရှုထောင့်အသစ်မှ ရှုမြင်ကြည့်ခြင်း

Image
ဒီနေ့မှာတော့ ကျွန်မရဲ့ အသည်းကွဲ ဖြတ်သန်းမှုကာလကြီးမှာ ဖတ်မိတဲ့ စာတစ်ကြောင်းနဲ့ ပတ်သက်ပြီး ပြောပြချင်ပါတယ်။ အဲဒါကတော့ နာမည်ကြီး ဟာသပညာရှင် Mel Brooks ပြောခဲ့ဖူးတဲ့၊ လူတိုင်းကြားဖူးနိုင်မယ့် စကားလေးတစ်ခွန်းပါ။  Today, I want to share a quote I came across during my journey through heartbreak. It’s a famous line by the legendary comedian Mel Brooks that many of you might have heard before. "Tragedy is when I cut my finger. Comedy is when you fall into an open sewer and die." (ကံဆိုးမှုဆိုတာ ငါ့လက်ကို ဓားရှမိတာဖြစ်ပြီး၊ ဟာသဆိုတာကတော့ မင်းမြောင်းထဲကျသေသွားတာကို ခေါ်တာပဲ။) ဒီ Quote ကို Facebook ပေါ်က ဆော င်းပါးတစ်ခုမှာ အမှတ်မထင် ဖတ်မိရင်း၊ ကိုယ့်လိုပဲ နာကျင်စရာတွေ ကြုံတွေ့နေရသူတွေအတွက် တစ်စုံတစ်ရာ နှစ်သိမ့်မှု ဖြစ်စေနိုင်မလားလို့ တွေးမိပါတယ်။  I stumbled upon this quote in an article on Facebook and thought it might offer some comfort to those going through painful times, just like me. ပထမဆုံး ကြည့်လိုက်ရင်တော့ ဒီစကားက အရမ်းရက်စက်တယ်လို့ ထင်ရပေမဲ့၊ သူ့ရဲ့ ဆိုလိုရင်းက လူတွေရဲ့ ...

Welcome to Elle Bert's Journal!

မင်္ဂလာပါရှင်။ ကျွန်မရဲ့ Personal Blog ကနေ နွေးထွေးစွာ ကြိုဆိုပါတယ်။ ကျွန်မနာမည် Elle Bert ပါ။ အယ်လီလို့ ခေါ်လည်းရပါတယ်။ လက်ရှိမှာတော့ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ နယ်ပယ်မှာ Sales Admin နဲ့ Logistics ဆိုင်ရာ လုပ်ငန်းတွေကို စီမံခန့်ခွဲတဲ့ အလုပ်ကို လုပ်ကိုင်နေပါတယ်။ Welcome to my personal journal! My name is  Elle Bert . I am currently working as a Sales Administrator in the Agriculture industry, where I manage sales data and inventory reports. ဒီ Blog လေးမှာတော့ ကျွန်မရဲ့ အလုပ်အကိုင် နဲ့ပတ်သတ်တဲ့ အတွေ့အကြုံတွေ၊ Excel & Data စီမံခန့်ခွဲနည်းတွေအပြင် ကျွန်မဖတ်ဖြစ်တဲ့ စာအုပ်တွေ (အထူးသဖြင့် စိတ်ပညာနဲ့ အလေ့အကျင့်ကောင်းများ တည်ဆောက်ခြင်း) အကြောင်းတွေကို မျှဝေသွားမှာ ဖြစ်လို့ ကျွန်မနဲ့အတူ ဗဟုသုတတွေ လေ့လာဖလှယ်ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်ရှင့်။ On this blog, I will be sharing my professional insights, Excel tips, and lessons learned from the books I read—especially those focusing on psychology and habit formation. I invite you all to follow along and learn together with me. Warmly, E...