၈ နှစ်ကြာမှ ပြန်ပွင့်လာတဲ့ ဒိုင်ယာရီတစ်အုပ် (သို့မဟုတ်) အယ်လီ့ရဲ့ ခြေလှမ်းသစ်


Myanmar Girl Blogging Motivation


တစ်ခုခုကို အသစ်ကနေ ပြန်စဖို့ စဉ်းစားတိုင်း လူတိုင်း ကြောက်လန့်ဖူးကြမှာပါ။ ကျွန်မ (အယ်လီ) လည်း ဒီ Blog လေးကို စတင်ဖို့ ပြင်ဆင်နေချိန်မှာ အဲဒီလိုပဲ ခံစားခဲ့ရပါတယ်။ တကယ်တော့ ဒီ Blog ကို ဖွင့်ခဲ့တာက လွန်ခဲ့တဲ့ ၈ နှစ်၊ ၂၀၁၈ ခုနှစ် ဘွဲ့ရပြီးခါစ အချိန်ကတည်းကပေါ့။ အဲဒီအချိန်မှာ အယ်လီဟာ လုပ်ငန်းခွင်ထဲမှာ ငွေကြေးနဲ့ မိသားစုဆိုတဲ့ တာဝန်တွေကို စတင်ထမ်းဆောင်နေရတဲ့ အသက်နှစ်ဆယ်ကျော်စွန်းစွန်း ကောင်မလေးတစ်ယောက်သာ ဖြစ်ပါသေးတယ်။


Everyone feels a sense of fear whenever they consider starting something anew. I, too, shared that same apprehension while preparing to relaunch this blog. In truth, I first created this blog eight years ago in 2018, shortly after my graduation. Back then, I was just a young woman in her early twenties, beginning to navigate the responsibilities of career, finance, and family.


​ဒီ Blog ကို ပြန်လည်စတင်ဖို့ တွေးမိတဲ့အချိန်က အလုပ်ထဲက Meeting Room တစ်ခုထဲမှာပါ။ ယနေ့ဟာ AI ခေတ်ဖြစ်တဲ့အတွက် AI နည်းပညာကို ကျွမ်းကျင်လိမ္မာမှု မရှိသေးတဲ့ ကိုယ်လိုလူတစ်ယောက်အတွက် အရာရာဟာ အစိမ်းသက်သက် ဖြစ်နေပြီး စတင်ဖို့ အတွေးစမှာတင် ရပ်တန့်နေခဲ့မိတယ်။ တကယ်တမ်း ဆုံးဖြတ်ချက်ချပြီးချိန်မှာတော့ "ဘယ်ကစရမလဲ" ဆိုတာထက် "ငါ တကယ်ရော လုပ်နိုင်ပါ့မလား" ဆိုတဲ့ သံသယက ပထမဆုံး ရင်ဆိုင်လိုက်ရတဲ့ စိန်ခေါ်မှုပါပဲ။


The idea to restart this blog sparked while I was in a meeting room at work. In today’s AI-driven era, someone like me—who isn't yet well-versed in AI—found everything quite overwhelming, causing my initial thoughts to stall. Once I finally made the decision, the primary challenge wasn't even about where to begin, but rather the haunting doubt of whether I could actually pull it off.


​အစပိုင်းမှာတော့ ဘာတွေရေးရမလဲ၊ ဘယ်လိုလုပ်ရမလဲဆိုတာတွေက အရမ်းကို ရှုပ်ထွေးနေခဲ့တာပါ။ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ ခေါင်းစဉ်ရွေးချယ်ရတာတွေက တစ်ခါတလေမှာ လက်လျှော့ချင်စိတ်တောင် ပေါက်စေပါတယ်။ အခုအချိန်အထိလည်း အစပိုင်းကလိုပဲ မဝံ့မရဲ ခံစားချက်နဲ့ ရေးနေဆဲပါပဲ။


In the beginning, deciding what to write and how to execute it was incredibly confusing. Dealing with technical aspects and choosing the right titles sometimes made me feel like giving up. Even now, I continue to write with that same lingering sense of hesitation.


​ဒါပေမဲ့ ကျွန်မ သိလိုက်ရတာတစ်ခုက 'အဆင်သင့်ဖြစ်တဲ့အထိ စောင့်နေရင် ဘယ်တော့မှ စတင်နိုင်မှာမဟုတ်ဘူး' ဆိုတာပါပဲ။ မသေချာမှုတွေကြားကနေပဲ ခြေလှမ်းတစ်လှမ်း စလှမ်းလိုက်တာက ကျွန်မအတွက် အောင်မြင်မှုတစ်ခု ဖြစ်ပေါ်စေမယ်လို့ မျှော်လင့်ခဲ့ပါတယ်။ အယ်လီ့မှာ ဝါသနာတစ်ခုရှိတာက အကြောင်းအရာတစ်ခုကို စတင်လိုက်ပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ရပ်တန့်သွားစေမယ့် ခိုင်လုံတဲ့ အကြောင်းပြချက် မရှိမချင်း မဆုတ်မနစ် လုပ်တတ်တာပါပဲ။


However, I realized one thing: "If you wait until you're ready, you'll never start." I hope that taking this single step amidst uncertainty will eventually lead to success. Once I commit to something, I have a tendency to persevere relentlessly unless there is a compelling reason to stop.


​ဒီနေရာမှာ အယ်လီ သိချင်တာတစ်ခုက စာဖတ်သူတို့ရော... အချိန်အကြာကြီး စောင့်ဆိုင်းနေရတဲ့ အစီအစဉ်တွေ ရှိမလား? စတင်ဖို့ ခက်ခဲနေတဲ့ အကြောင်းအရာတွေပေါ့။ အရာရာကို အပြည့်အစုံ မသိသေးရင်တောင်မှ အခုပဲ တစ်ခုခုကို စတင်ကြည့်လိုက်ဖို့ အယ်လီက တိုက်တွန်းချင်ပါတယ်။ အစမှာ ခက်ခဲမှာ ဖြစ်ပေမဲ့ နောက်ပိုင်းမှာ အဲဒီခြေလှမ်းအတွက် ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်မိပါလိမ့်မယ်။


At this point, I’m curious—do you have any plans that you’ve been putting off for a long time? Something you find difficult to start? Even if you don't have all the answers yet, I encourage you to just start something today. It might be difficult at first, but later on, you will thank yourself for taking that first step.


​တကယ်တော့ အရာရာတိုင်းဟာ မိမိရဲ့ စိတ်အပေါ်မှာပဲ မှီတည်နေတာပါ။ အခု ပို့စ်လေးငါးခုကို ဆက်တိုက် မဝံ့မရဲ တင်နေတဲ့ အယ်လီကိုယ်တိုင်ကပဲ သက်သေပါပဲ။ ဒါကြောင့် ဒီ Blog လေးကို အပြောင်းအလဲအသစ်တစ်ခုအနေနဲ့ စတင်နေတဲ့ အယ်လီက စာဖတ်သူတို့လည်း စိတ်သစ်ကိုယ်သစ်နဲ့ စတင်နိုင်ဖို့ သိစေချင်တာပါ။


Ultimately, everything depends on your mindset. I am living proof of this, as I tentatively share these first few posts. As I embark on this new chapter with my blog, I want to share this insight to inspire you to make your own fresh start.


#EllebertsJournal #NewBeginning #LifeReflection #BloggerMyanmar #Motivation #StartingOver #Mindset #Journaling #PersonalGrowth #LifeLessons #DigitalDiary


Comments

Popular posts from this blog

Welcome to Elle Bert's Journal!

နာကျင်မှုကို ရှုထောင့်အသစ်မှ ရှုမြင်ကြည့်ခြင်း

နာရီလက်တံတွေ လိပ်ပြာဖြစ်သွားတဲ့အခါ - When Clocks Turn to Butterflies