နာကျင်မှုကို ရှုထောင့်အသစ်မှ ရှုမြင်ကြည့်ခြင်း
Today, I want to share a quote I came across during my journey through heartbreak. It’s a famous line by the legendary comedian Mel Brooks that many of you might have heard before.
"Tragedy is when I cut my finger. Comedy is when you fall into an open sewer and die." (ကံဆိုးမှုဆိုတာ ငါ့လက်ကို ဓားရှမိတာဖြစ်ပြီး၊ ဟာသဆိုတာကတော့ မင်းမြောင်းထဲကျသေသွားတာကို ခေါ်တာပဲ။)
ဒီ Quote ကို Facebook ပေါ်က ဆော
င်းပါးတစ်ခုမှာ အမှတ်မထင် ဖတ်မိရင်း၊ ကိုယ့်လိုပဲ နာကျင်စရာတွေ ကြုံတွေ့နေရသူတွေအတွက် တစ်စုံတစ်ရာ နှစ်သိမ့်မှု ဖြစ်စေနိုင်မလားလို့ တွေးမိပါတယ်။
I stumbled upon this quote in an article on Facebook and thought it might offer some comfort to those going through painful times, just like me.
ပထမဆုံး ကြည့်လိုက်ရင်တော့ ဒီစကားက အရမ်းရက်စက်တယ်လို့ ထင်ရပေမဲ့၊ သူ့ရဲ့ ဆိုလိုရင်းက လူတွေရဲ့ "Self-centered nature (မိမိကိုယ်ကို ဗဟိုပြုတတ်တဲ့ သဘာဝ)" ကို ခပ်ငေါ့ငေါ့လေး သရော်ထားတာလို့ ကျွန်မ မြင်ပါတယ်။
At first glance, it might seem harsh, but I see it as a satirical take on our "self-centered nature."
ကျွန်မနဲ့ ကျွန်မရဲ့ လက်တွဲဖော်ကြားမှာ ယုံကြည်မှုတွေ အက်ကြောင်းထင်ခဲ့ကြတယ်။ အချိန်အကြာကြီး တည်ဆောက်ခဲ့တဲ့ သံယောဇဉ်တွေကြောင့် တစ်ယောက်ရဲ့ အမှားကို တစ်ယောက် မမြင်နိုင်အောင် ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ရဲ့ နာကျင်မှုကိုပဲ ကမ္ဘာပျက်မတတ် ခံစားရပြီး ဒါဟာ အကြီးမားဆုံးသော ကံဆိုးမှု (Tragedy) လို့ ထင်ခဲ့တာပါ။
In my past relationship, trust was broken. Because of the long-term bond we built, we were blinded to each other's flaws for a long time. Back then, I felt like my world was ending, viewing my pain as the ultimate tragedy.
တကယ်တော့ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ်ပဲ အရမ်းအလေးထားတတ်ကြပါတယ်။ ကိုယ့်လက်လေး ဓားရှတာ၊ ကိုယ့်ဖုန်းလေး ပွန်းသွားတာမျိုးကျတော့ တစ်ကမ္ဘာလုံး ပျက်စီးမတတ် ခံစားရတတ်ပေမဲ့၊ တခြားသူတစ်ယောက်မှာ ကိုယ့်ထက် အဆပေါင်းများစွာ ပိုကြီးမားတဲ့ ဒုက္ခမျိုး ကြုံနေရရင်တော့ "ဟာသ" တစ်ခုလိုတောင် အမှတ်မထင် ဖြစ်သွားတတ်ကြပါတယ်။
The truth is, we often focus too much on ourselves. We treat a small cut on our finger or a scratch on our phone as a total disaster. Yet, when someone else faces a much bigger struggle—like falling into a sewer—we might barely notice or even find it "comical."
ဒါကြောင့် ဒီစကားဟာ ကျွန်မတို့ကို "စာနာစိတ် (Empathy)" ရှိဖို့ သတိပေးနေတာပါ။ ကိုယ့်ရဲ့ ပြဿနာကိုပဲ ပုံကြီးချဲ့ပြီး နာကျင်နေမယ့်အစား၊ တခြားသူတွေရဲ့ ဒုက္ခတွေကို စာနာကြည့်တတ်ဖို့နဲ့ ကိုယ့်ရဲ့ အခက်အခဲတွေကို "ရှုထောင့်အသစ် (Perspective)" ကနေ ပြန်ကြည့်တတ်ဖို့ လိုတယ်ဆိုတာ ကျွန်မ အသေအချာ မြင်သွားခဲ့ပါတယ်။
This quote is a reminder to practice empathy. Instead of magnifying our own issues, we should learn to empathize with others' struggles and see our difficulties through a new perspective.
ကိုယ့်ရဲ့ နာကျင်မှုတွေကို တခြားတစ်ဖက်ကနေ ပြန်ကြည့်လိုက်တဲ့အခါ၊ ဒါဟာ ဖြတ်ကျော်နိုင်တဲ့ အရာတစ်ခုပဲဆိုတာ ပိုပြီး သိသာလာပါလိမ့်မယ်။
When we look at our pain from a different angle, it becomes clearer that it is something we can—and will—overcome.
#Lifelessons
#Perspective
#Personalgrowth
#Relationship
#withellebert

Comments
Post a Comment