မေဒေးနေ့ အတွေးစလေးများ - အလုပ်ထက် ပိုအရေးကြီးသော အရာများ
May Day Reflections: Beyond Work and Perfection မင်္ဂလာပါရှင်။ ဒီနေ့ဟာ မေလ ၁ ရက်နေ့၊ အလုပ်သမားနေ့ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်မှာ အလုပ်သမားထုရဲ့ ကြိုးစားအားထုတ်မှုတွေအကြောင်း အများကြီး ရှိခဲ့ပေမဲ့၊ အယ်လီကတော့ အဲဒီအကြောင်းအရာတွေထက် လုပ်ငန်းခွင်အတွင်းမှာ ဒုတိယမိသားစုသဖွယ် အတူတကွ ရုန်းကန်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးအတွက် ခွန်အားဖြစ်စေမယ့် စာလေးတစ်စောင်ကိုပဲ မျှဝေပေးချင်ပါတယ်။ ဒီစာလေးကို ဖတ်ပြီးရင် အားလုံးပဲ အားတင်းရင်း ရှေ့ဆက်နိုင်မယ့် ခွန်အားတွေ ရရှိလိမ့်မယ်လို့ အယ်လီ မျှော်လင့်ပါတယ်ရှင်။ Hello everyone. Today is May 1st, International Workers' Day. While history is filled with stories of the labor movement's struggles and achievements, I’d like to share something different. Instead of historical facts, I want to share a heartfelt message for all my colleagues—those who stand by each other like a second family in the workplace. I hope this message gives you the strength to keep moving forward with resilience. ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတိုင်းဟာ အောင်မြင်မှုတစ...