မေဒေးနေ့ အတွေးစလေးများ - အလုပ်ထက် ပိုအရေးကြီးသော အရာများ

May Day Reflections: Beyond Work and Perfection




မင်္ဂလာပါရှင်။ ဒီနေ့ဟာ မေလ ၁ ရက်နေ့၊ အလုပ်သမားနေ့ ဖြစ်ပါတယ်။ သမိုင်းတစ်လျှောက်မှာ အလုပ်သမားထုရဲ့ ကြိုးစားအားထုတ်မှုတွေအကြောင်း အများကြီး ရှိခဲ့ပေမဲ့၊ အယ်လီကတော့ အဲဒီအကြောင်းအရာတွေထက် လုပ်ငန်းခွင်အတွင်းမှာ ဒုတိယမိသားစုသဖွယ် အတူတကွ ရုန်းကန်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေအားလုံးအတွက် ခွန်အားဖြစ်စေမယ့် စာလေးတစ်စောင်ကိုပဲ မျှဝေပေးချင်ပါတယ်။ ဒီစာလေးကို ဖတ်ပြီးရင် အားလုံးပဲ အားတင်းရင်း ရှေ့ဆက်နိုင်မယ့် ခွန်အားတွေ ရရှိလိမ့်မယ်လို့ အယ်လီ မျှော်လင့်ပါတယ်ရှင်။


Hello everyone. Today is May 1st, International Workers' Day. While history is filled with stories of the labor movement's struggles and achievements, I’d like to share something different. Instead of historical facts, I want to share a heartfelt message for all my colleagues—those who stand by each other like a second family in the workplace. I hope this message gives you the strength to keep moving forward with resilience.


ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုတိုင်းဟာ အောင်မြင်မှုတစ်ခုဖြစ်တယ်ဆိုတာကို မြင်ကြည့်ပေးဖို့ အားပေးချင်ပါတယ်။ အယ်လီတို့အားလုံးဟာ တစ်နေ့တာရဲ့ အစမှာ သတ်မှတ်ထားတဲ့ Schedule တွေအတိုင်း အလုပ်သွားကြမယ်၊ နေ့လယ်ရောက်ရင် ထမင်းစားမယ်၊ တစ်ခါတလေ ကော်ဖီ (သို့မဟုတ်) အအေးလေးတစ်ခွက်နဲ့ ခဏတာ အနားယူဖြစ်ကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီလို ရှုပ်ထွေးလှတဲ့ တစ်နေ့တာအတွင်းမှာပဲ ကိုယ့်ကိုယ်ကို ပျော်အောင်ထားရမယ့် အချိန်လေးတစ်ခုလည်း မဖြစ်မနေ လိုအပ်တယ်ဆိုတာကို သတိပြုစေချင်တာပါ။


First of all, I want to encourage you to see every effort you make as a success. Most of us start our day following a fixed schedule—going to work, having lunch, and perhaps taking a short break with a cup of coffee or a cold drink. However, amidst this hectic daily routine, I want to remind you that it is essential to find a moment to make yourself happy.


အယ်လီ့အတွက်တော့ တစ်နေ့တာရဲ့ ပျော်ရွှင်မှုဆိုတာ ရုံးရောက်တာနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်ရတာ၊ မနက်စာ အတူတူစားကြတာမျိုးပါ။ နေ့လယ်ဘက်မှာလည်း စကားတပြောပြောနဲ့ လမ်းလျှောက်ပြီး သွားစားဖြစ်တဲ့ နေ့လယ်ထမင်းစားဝိုင်းလေးတွေကလည်း တကယ့်ကို အနှစ်သာရရှိလှပါတယ်။


For me, happiness in a workday starts with greeting colleagues upon arriving at the office and sharing breakfast together. Even those lunch breaks, where we walk and chat together under the sun, are truly meaningful moments.


ဒီလို အလုပ်လုပ်ရင်း၊ စားသောက်ရင်းနဲ့ တစ်ယောက်ရဲ့ အတွေးတွေ၊ မိသားစုအကြောင်းတွေကို ဖလှယ်ဖြစ်ကြတဲ့အခါ အဲဒီနွေးထွေးမှုတွေက တစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်သွားတတ်ပါတယ်။ အဲဒီရင်းနှီးမှုတွေကပဲ မိမိတို့ ရင်ဆိုင်နေရတဲ့ ရုံးတွင်းဖိအားတွေနဲ့ မိသားစုအခက်အခဲတွေကို အတိုင်းအတာတစ်ခုအထိ ပြေလျော့သွားစေတယ်လို့ အယ်လီ တွေးမိပါတယ်။


As we work and share meals, we exchange thoughts and family stories, allowing warmth to spread from one person to another. I believe these close connections help alleviate the workplace pressures and personal challenges we all face to some extent.


အယ်လီတို့ ဆရာ အမြဲပြောနေကျ စကားတစ်ခွန်း ရှိပါတယ်။ "မသေမချင်း အိပ်လို့ရတယ်" တဲ့။ အဲဒီစကားလေးကိုပဲ မှီငြမ်းပြီး ပြောရရင်တော့ "မသေမချင်းလည်း အလုပ်လုပ်လို့ ရပါတယ်"။ အလုပ်လုပ်ရတာကိုက ပျော်စရာတစ်ခုအဖြစ် ခံယူထားရင်ပဲဖြစ်ဖြစ်၊ ကိုယ်အမှန်တကယ် စိတ်ပါဝင်စားတဲ့အလုပ်ကို လုပ်နေရရင်ပဲဖြစ်ဖြစ် တစ်နေ့တာဟာ ကုန်မှန်းမသိ ကုန်သွားပါလိမ့်မယ်။ မိမိကိုယ်ကိုယ် ပြန်ပြီး သဘောကျကျေနပ်မိတဲ့အထိ စိတ်ပါလက်ပါ လုပ်ကိုင်တတ်ဖို့လည်း လိုပါတယ်။ ဒါကိုပဲ တစ်နည်းအားဖြင့် Passion (ဝါသနာ) ရှိတယ်လို့ ခေါ်တာပါ။ 


There’s a saying my teacher always uses: "You can sleep when you're dead." Borrowing from that thought, I’d say, "You can also work until the day you die." When you view work as a source of joy or when you are doing something you are truly passionate about, time flies by unnoticed. It’s important to work with such dedication that you feel proud of yourself. This is what we call having "Passion.


ဒါကြောင့် ဒီနေ့ မေဒေးနေ့မှာ အယ်လီက အလုပ်တွေအကြောင်းထက် မိမိတို့ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အလုပ်လုပ်ရင်း စိတ်ပျော်ရွှင်နေစေဖို့ စကားလေးတစ်ခွန်း ပါးချင်ပါတယ်။ အဲဒါကတော့ "Done is better than perfect" ဆိုတာပါပဲ။


So, on this May Day, rather than talking about tasks, I want to leave you with one thought to keep you happy in your respective fields: "Done is better than perfect."


အလုပ်ခွင်မှာ တစ်နေ့တာရဲ့ အလုပ်တွေကို အလျင်စလို ပြီးမြောက်ဖို့ထက် ကိုယ်လုပ်နိုင်သလောက်ကို ဖြေးဖြေးမှန်မှန်နဲ့ အကောင်းဆုံး ပြီးမြောက်အောင် လုပ်နိုင်ခဲ့တာက ပိုပြီး အနှစ်သာရရှိသလို၊ ပြီးပြည့်စုံအောင် မလုပ်နိုင်သေးရင်တောင်မှ ရှေ့ဆက်ဖို့ ကြိုးစားနေတဲ့ အယ်လီတို့အားလုံးဟာ ဂုဏ်ယူထိုက်သူတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီနေ့မှာတော့ အလုပ်ဖိအားတွေကို ခဏဘေးဖယ်ထားပြီး ကိုယ့်ကိုယ်ကို နားခွင့်ပေးရင်း အေးအေးချမ်းချမ်း ဖြတ်သန်းကြဖို့သာ ဆန္ဒပြုလိုက်ပါတယ်ရှင်။


In the workplace, instead of rushing to finish everything perfectly, there is more value in doing what you can steadily and to the best of your ability. Even if things aren't perfect yet, everyone who keeps trying and moving forward deserves to be proud. Therefore, I hope you can set aside your work stress for today, give yourself permission to rest, and spend this day in peace and tranquility.


#MayDay2026 #InternationalWorkersDay

#DoneIsBetterThanPerfect #WorkLifeBalance

#EllebertsJournal #PassionAtWork

Comments

Popular posts from this blog

Welcome to Elle Bert's Journal!

နာကျင်မှုကို ရှုထောင့်အသစ်မှ ရှုမြင်ကြည့်ခြင်း

နာရီလက်တံတွေ လိပ်ပြာဖြစ်သွားတဲ့အခါ - When Clocks Turn to Butterflies