"နေ့ရက်တိုင်းဟာ အဖိုးတန်တဲ့ လက်ဆောင်တစ်ခုပါ - About Time Movie Review"
We have all, at some point, harbored the regretful longing to turn back the clock. If you possessed the power to rewrite your history, what moments would you change?
ဒီနေ့လို အေးချမ်းလှတဲ့စနေနေ့ညလေးမှာ အယ်လီက အားလုံးကို စိတ်ထဲတင်ကျန်နေစေမယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ရှုဖူးသူတွေ ရှိကြမှာဖြစ်ပေမဲ့ အယ်လီကတော့ အနည်းဆုံး ၃ ခါလောက်အထိ ထပ်ခါတလဲလဲ ကြည့်ဖြစ်ခဲ့ပါတယ်။ "About Time" ဟာ အချိန်ခရီးသွားခြင်း (Time Travel) ဆိုတဲ့ သိပ္ပံနောက်ခံကားမျိုး မဟုတ်ဘဲ လူသားတို့ရဲ့ အချစ်၊ မိသားစုနဲ့ "နေ့ရက်တိုင်းရဲ့ တန်ဖိုး" ကို အလှပဆုံး ပုံဖော်ထားတဲ့ ရုပ်ရှင်တစ်ကားဆိုရင်လည်း မမှားပါဘူး။ ဒီဇာတ်ကားကို Notting Hill နဲ့ Love Actually တို့လို ကမ္ဘာကျော်ဇာတ်ကားတွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Richard Curtis က ရေးသားရိုက်ကူးထားတာပါ။
On this serene Saturday evening, I wish to introduce a film that lingers long in the heart. Though many may have seen it, I found myself returning to it time and again, watching it thrice over. 'About Time' is far from a mere sci-fi flick about time travel; rather, it is a profound masterpiece that beautifully illustrates love, kinship, and the sacred 'value of every single day.' It was penned and directed by the legendary Richard Curtis, the visionary behind 'Notting Hill' and 'Love Actually'.
ဇာတ်လမ်းကတော့ အသက် ၂၁ နှစ်အရွယ်မှာ မိမိကိုယ်ကိုယ် အချိန်ခရီးသွားနိုင်တဲ့ စွမ်းအားရှိမှန်း သိလိုက်ရတဲ့ Tim အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး Tim ဟာ ဒီစွမ်းအားကို သုံးပြီး သူ့ဘဝရဲ့ အမှားတွေကို ပြင်ဆင်ဖို့၊ အထူးသဖြင့် သူချစ်ရတဲ့ Mary ရဲ့ အချစ်ကို ရရှိဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အချိန်တွေကို ပြန်ပြင်တိုင်းမှာ နောက်ဆက်တွဲ ရလဒ်တွေက သူထင်သလို ဖြစ်မလာတဲ့အခါ...။
The story follows Tim, who discovers at twenty-one that he possesses the gift of time travel. He seeks to use this power to mend his flaws and, more importantly, to win the heart of the lovely Mary. Yet, he soon learns that every alteration to the past ripples into an unforeseen future, and life rarely unfolds as perfectly as planned.
ဇာတ်ကောင် Tim အဖြစ် Domhnall Gleeson က သာမန်လူငယ်တစ်ဦးရဲ့ ရိုးသားမှုမှသည် ရင့်ကျက်သော ဖခင်တစ်ဦးအဖြစ်သို့ သဘာဝကျကျ ပြောင်းလဲပုံဖော်သွားနိုင်သလို၊ သူ့ကို ဇာတ်ပို့ပေးတဲ့ Mary အဖြစ် Rachel McAdams ကလည်း ကြည့်ရှုသူတိုင်းကို အလွယ်တကူ ဆွဲဆောင်နိုင်တဲ့ အပြုံးမျိုး ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။ အထူးသဖြင့် သူတို့နှစ်ဦးရဲ့ အိမ်ထောင်သည်ဘဝအတွင်းက Chemistry မိပုံမှာ ကြည့်ရှုသူတွေရဲ့ လက်တွေ့ဘဝက အချစ်ရေးကိုပါ လွှမ်းမိုးနိုင်လောက်တဲ့အထိ ကြည်နူးဖွယ် ကောင်းလှပါတယ်။
Domhnall Gleeson portrays Tim with a masterful transition from youthful sincerity to matured fatherhood, while Rachel McAdams, as Mary, captures the audience with a smile that radiates pure warmth. Their on-screen chemistry as a married couple is so exquisitely tender that it mirrors, and perhaps even inspires, the romantic aspirations of our own real lives.
ဒါပေမဲ့ အားလုံးထဲမှာ အယ်လီ အနှစ်သက်ဆုံးကတော့ Tim ရဲ့ ဖခင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Bill Nighy (တဖြစ်လည်း James) ပဲ ဖြစ်ပါတယ်။ James ရဲ့ သားဖြစ်သူအပေါ်ထားတဲ့ လေးနက်သိမ်မွေ့သော မေတ္တာနဲ့ လောကကြီးအပေါ် အေးဆေးသက်သာစွာ ရှုမြင်တတ်ပုံတို့ဟာ ဒီဇာတ်ကားရဲ့ "အသက်" လို့ပင် တင်စားရနိုင်ပါတယ်။
Yet, my personal favorite is Bill Nighy as Tim’s father, James. His quiet, profound love for his son and his serene perspective on existence are truly the 'soul' of this film.
ဒီနေရာမှာ ပြောပြချင်တာတစ်ခုက အယ်လီဟာ ငယ်ငယ်ကတည်းက အဖေဆိုတဲ့ လူသားတစ်ယောက်ရဲ့ ဘဝမှာ လှပတဲ့မင်းသမီးလေးတစ်ပါးလို အချစ်ခံခဲ့ရဖူးပေမဲ့၊ သားတွေနဲ့ ဖခင်ကြားက ဆက်ဆံရေးကို အပြင်လောကမှာ အများကြီး မမြင်တွေ့ဖူးခဲ့တာကြောင့် ဒီဇာတ်ကားဟာ အယ်လီ့အတွက် အလွန်တရာ နက်ရှိုင်းစွာ ဖော်ကျူးရလောက်တဲ့အထိ စိတ်ကို ဆွဲဆောင်သွားခဲ့ပါတယ်။
Reflecting on my own life, I was cherished as a little princess by my father. However, having rarely witnessed the intricacies of the bond between a father and a son, I found this portrayal to be deeply moving—capturing my heart with an unexpected and profound intensity.
ဒီဇာတ်ကားမှာ အခု အယ်လီပြောပြချင်တဲ့ အချက် (၃) ချက်ဟာ ကျွန်မတို့ရဲ့ နှလုံးသားကို စကားပြောသွားတယ်လို့လည်း ထင်မြင်မိပါတယ် -
၁။ နေ့စဉ်ဖြတ်သန်းနေရတဲ့ ဘဝထဲက သာမန်ကိစ္စလေးတွေထဲမှာ ပုန်းကွယ်နေတဲ့ ပျော်ရွှင်မှုတွေကို ရှာဖွေတတ်ဖို့။
၂။ အတိတ်ကို ပြန်ပြင်ဖို့ ကြိုးစားနေမယ့်အစား လက်ရှိအချိန်ကို ဘဝရဲ့ နောက်ဆုံးနေ့ရက်လို တန်ဖိုးထားပြီး အနှစ်သာရရှိရှိ ဖြတ်သန်းဖို့။
၃။ ဘဝမှာ မလွှဲမဖယ်သာ ကြုံတွေ့ရမယ့် ဆုံးရှုံးမှုနဲ့ အပြောင်းအလဲတွေကို ရင့်ကျက်စွာ လက်ခံရင်း ရှိနေတဲ့အချိန်လေးအတွင်းမှာ ချစ်ခင်ရသူတွေနဲ့ အမှတ်တရကောင်းတွေကို ဖန်တီးနိုင်ဖို့ပဲ ဖြစ်တယ်။
**"The film speaks to our souls through three pivotal lessons:
To find the hidden joy in the mundane moments of our daily lives.
To stop chasing the past and instead embrace the present as if it were our final, most precious day.
To maturely accept the inevitable losses and changes of life, while weaving beautiful memories with those we hold dear."**
ဒီရုပ်ရှင်မှာ အသုံးပြုထားတဲ့ "How Long Will I Love You" ဆိုတဲ့ နောက်ခံသီချင်းဟာ မူရင်းအားဖြင့် The Waterboys အဖွဲ့ရဲ့ သီချင်းဖြစ်ပေမဲ့ Ellie Goulding ရဲ့ ပြန်လည်သီဆိုမှုနဲ့အတူ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အောင်မြင်ခဲ့သလို၊ "The Luckiest" ဆိုတဲ့ သီချင်းကလည်း ဒါရိုက်တာ Richard Curtis ကိုယ်တိုင် အလွန်ကြိုက်နှစ်သက်လွန်းလို့ အဓိကအခန်းတွေအတွက် ရွေးချယ်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
The soundtrack further elevates this experience. The iconic 'How Long Will I Love You,' originally by The Waterboys, gained global acclaim through Ellie Goulding’s ethereal rendition. Likewise, 'The Luckiest' was personally selected by Richard Curtis for the film's most pivotal scenes, adding a layer of heartbreaking beauty.
ဒီဇာတ်ကားလေးကို အယ်လီကတော့ Rating အနေနဲ့ဆိုရင် 9/10 ပေးချင်ပါတယ်။ ကျန်တဲ့ 1 မှတ်ကတော့ စာဖတ်သူ ချစ်မိတ်ဆွေတို့နဲ့ ခံစားချက်ချင်း တိုက်ဆိုင်ခဲ့ရင် ကိုယ်တိုင်ပေးကြည့်ဖို့ ချန်ထားခဲ့တာပါ။ စာဖတ်သူတွေအနေနဲ့ရော ဒီဇာတ်ကားကို ကြည့်ပြီးသွားရင် ဘယ်လိုခံစားရလဲ? ပြင်ဆင်ခွင့်မရခဲ့တဲ့ အချိန်တွေကိုရော တကယ်ပြန်ပြင်ချင်
ကြလား? ဆိုတာ Comment မှာ ဝေမျှပေးခဲ့ကြပါဦးနော်။
အားလုံးပဲ ကောင်းသောညချမ်းလေး ဖြစ်ပါစေလို့ အယ်လီမှ နှုတ်ဆက်လိုက်ပါတယ်ရှင်။
I rate this film a 9/10, leaving that final point for you to fill if it resonates with your heart as it did with mine. How did you feel after watching it? If given the chance, would you truly go back to fix the moments you once regretted? Do share your thoughts in the comments. Wishing you all a beautiful and peaceful night.
#AboutTime
#MovieReview
#EllebertsJournal
#CherishEveryMoment


ဒီဇာတ်လမ်းလေးကို ကြည့်ပြီး ဘယ်လိုခံစားရသလဲ သိပါရစေရှင့်
ReplyDelete