ကဆုန်လပြည့် ဗုဒ္ဓနေ့မှသည် ဘဝ၏ဖြစ်တည်မှု စက်ဝန်းဆီသို့ (Reflection on Buddha Day

Ellebert's Journal


ဧပြီလကုန်ရဲ့ ပြင်းထန်တဲ့ အပူရှိန်က ရန်ကုန်မြို့ရဲ့ လမ်းမတွေပေါ်မှာ တရိပ်ရိပ်တက်လို့နေပါတယ်။ ဖုန်မှုန့်တွေ၊ ကားသံတွေနဲ့ လူမှုဘဝရဲ့ ရုန်းကန်မှုတွေကြားမှာ ကျွန်မတို့အားလုံးဟာ အအေးဓာတ်တစ်ခုကို တမ်းတမိကြတာ အမှန်ပဲ။ 


The intense late-April heat shimmers across the streets of Yangon. Amidst the swirling dust, the roar of traffic, and the daily hustle of life, we all find ourselves yearning for a moment of cool respite.



ဒီနေ့ ဧပြီလ ၃၀ ရက်နေ့ဟာ မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ နေ့တစ်နေ့လည်းဖြစ်တဲ့ "ကဆုန်လပြည့် (ဗုဒ္ဓနေ့)" ဖြစ်ပါတယ်။ ဒီနေ့လို နေ့ထူးနေ့မြတ်မှာ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများဟာ ဘုရားကျောင်းကန်သွားခြင်း၊ ဥပုသ် သီလ ဆောက်တည်ခြင်း၊ အလှူအတန်း ဒါနပြုခြင်း အစရှိသဖြင့် အသီးသီးလုပ်ဆောင်ကြပါတယ်။


 Today, April 30th, marks a sacred day for Myanmar Buddhists—"Kasone Full Moon (Buddha Day)." On this auspicious day, Buddhists across the country visit pagodas, observe the precepts, and practice generosity through various acts of merit.


ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဘဝဖြစ်စဉ်ကို 'ဖွား၊ ပွင့်၊ ဟော၊ စံ' ဆိုတဲ့ မှတ်တိုင်လေးခုနဲ့ ကျွန်မတို့ အလွယ်မှတ်ထားကြပေမယ့် ဒီဖြစ်စဉ်ကို လူသားတစ်ယောက်ရဲ့ ဘဝခရီးစဉ် (Cycle of Life) အဖြစ် ပြောင်းလဲကြည့်လိုက်ရင် စိတ်ဝင်စားစရာ အဓိပ္ပာယ်အနေနှင့် တွေ့ရပါလိမ့်မယ်။


While we often remember the Buddha’s life through four major milestones—Birth, Enlightenment, Teaching, and Parinirvana—viewing these events as a human "Cycle of Life" reveals a deeply inspiring meaning.


ဘဝရဲ့ ဖြစ်တည်မှု စက်ဝန်း (The Cycle of Growth)

  • ဖွား (Beginnings): လူတိုင်းမှာ အစပြုခြင်းတွေ ရှိကြပါတယ်။ အသစ်သစ်သော စိတ်ကူးတွေ၊ ရည်မှန်းချက်တွေ မွေးဖွားလာတဲ့ အခိုက်အတန့်ပေါ့။

  • Birth (Beginnings): Everyone has their starting point—those moments when new ideas, goals, and aspirations are born within us.

  • ပွင့် (Achievement through Effort): အပင်ပန်းခံ ကြိုးစားအားထုတ်မှုတွေရဲ့ အဆုံးမှာ ကိုယ့်ရဲ့ အရည်အချင်းတွေ ပွင့်လန်းလာတဲ့ အဆင့်ပါ။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိခြင်း (Self-discovery) လည်း ဖြစ်ပါတယ်။ 

  • Enlightenment (Achievement through Effort): The stage where persistent effort leads to the blossoming of our true potential. It is a journey of profound self-discovery.

  • ဟော (Contribution): ကိုယ်ရရှိထားတဲ့ အောင်မြင်မှု၊ အသိပညာနဲ့ မေတ္တာတွေကို အများအတွက် ပြန်လည်မျှဝေခြင်းပါ။ ဘဝရဲ့ အနှစ်သာရဟာ ပေးဆပ်ခြင်းမှာ ရှိတယ်ဆိုတာကို ပြသနေပါတယ်။

  • Teaching (Contribution): Sharing our achievements, wisdom, and kindness with others. This shows that the true essence of life lies in what we give back.

  • စံ (Peaceful Conclusion): နောက်ဆုံးမှာတော့ အရာအားလုံးကို လွှတ်ချပြီး အေးချမ်းစွာ အနားယူခြင်းပါ။ ဒါဟာ ပြီးပြည့်စုံတဲ့ ဘဝတစ်ခုရဲ့ အဆုံးသတ်ပဲ ဖြစ်ပါတယ်။ 

  • Parinirvana (Peaceful Conclusion): Finally, the act of letting go of everything and resting in absolute peace—the completion of a well-lived and fulfilled life.



ဗုဒ္ဓမြတ်စွာဟောကြားတော်မူခဲ့တဲ့ တရားတော်တွေထဲကမှ အယ်လီက ဒီနှစ်ခုကိုတော့ အမြဲလုပ်ဖြစ်လို့ စာဖတ်သူတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။ 


From the Buddha's teachings, there are two practices that I personally live by and would like to share with my readers.


မိမိပြုသမျှ ကုသိုလ်ကောင်းမှုတို့သည် မိမိတစ်ဦးတည်းအတွက်သာမဟုတ်ဘဲ အများသို့ စီးဆင်းသွားစေရန် ဗုဒ္ဓမြတ်စွာက ဤသို့ လမ်းညွှန်ခဲ့ပါတယ် 


The Buddha taught us that the merit of our good deeds should not be kept only for ourselves but should flow toward others:


  • ပတ္တိဒါန (Sharing Merits): မိမိပြုအပ်သော ကုသိုလ်၏ အဖို့ဘာဂကို အမျှပေးဝေခြင်းဟာ ဆီမီးတိုင်တစ်ခုမှ အခြားဆီမီးတိုင်များသို့ ကူးညှိပေးသကဲ့သို့ မိမိ၏ကုသိုလ်သည် လျော့ပါးမသွားဘဲ ပိုမိုတောက်ပလာတာ ဖြစ်ပါတယ်။ 


  • Patti-Dana (Sharing Merits): Sharing the merit of our good deeds with others. Just like lighting one candle from another, our own light does not dim; instead, the collective glow becomes even brighter.


  • ပတ္တာနုမောဒန (Appreciating Merits): တစ်ပါးသောသူတို့ ပေးဝေအပ်သော ကုသိုလ်ကို ဝမ်းမြောက်စွာ သာဓုမောဒနာ ခေါ်ဆိုခြင်းဖြင့် သူတစ်ပါး၏ အောင်မြင်မှုနှင့် ကောင်းမှုအပေါ် မနာလိုမှု (ဣဿာ) ကင်းစင်ကာ "မုဒိတာ" ပွားများခြင်းဖြင့် ထပ်တူကုသိုလ် ရရှိစေပါတယ်။ 


  • Pattanumodana (Appreciating Merits): Rejoicing in the good deeds of others by saying "Sadhu." By letting go of envy and cultivating appreciative joy (Mudita), we receive equal merit from their goodness.


ဒီကုသိုလ်နှစ်ခုကို ပွားများခြင်းဖြင့် ကဆုန်လပြည့်နေ့မှာ မိတ်ဆွေတို့ဟာ ညောင်ရေသွန်းရုံတင်မဟုတ်ဘဲ မိမိရရှိသော အေးမြမှုကို "အမျှ" ပေးဝေခြင်းဖြင့်လည်းကောင်း၊ တစ်ပါးသူ၏ အအေးဓာတ်ကို "သာဓု" ခေါ်ဆိုခြင်းဖြင့်လည်း နှလုံးသားချင်း ချိတ်ဆက်ကြည့်နိုင်ကြပါစေ။ ပေးဝေခြင်းနှင့် ဝမ်းမြောက်ခြင်းကို ပွားများရင်း ရန်ကုန်နွေ၏ အပူရှိန်ကို တွန်းလှန်ကာ အေးချမ်းသောနေ့ရက်များကိုသာ ပိုင်ဆိုင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ရှင့်။ 


By practicing these two merits on this Kasone Full Moon Day, I hope you find peace not only by pouring water on the Bodhi tree but also by connecting hearts—sharing your inner coolness through "Sharing Merits" and celebrating the peace of others through "Appreciating Merits." As we practice giving and rejoicing, may we all overcome the summer heat of Yangon and find lasting tranquility in the days ahead.


#VesakDay #BuddhaDay #KasoneFullMoon 

#ကဆုန်လပြည့်ဗုဒ္ဓနေ့ #ညောင်ရေသွန်းပွဲတော် #MyanmarTradition 

#Peace #EllieJournal #BloggerMyanmar


Comments

Popular posts from this blog

Welcome to Elle Bert's Journal!

နာကျင်မှုကို ရှုထောင့်အသစ်မှ ရှုမြင်ကြည့်ခြင်း

နာရီလက်တံတွေ လိပ်ပြာဖြစ်သွားတဲ့အခါ - When Clocks Turn to Butterflies