Monday ဆိုတာ ပြန်လည်ဆုံတွေ့ခြင်း မဟုတ်ပါ... အကြွေးဆပ်ခြင်းသာ ဖြစ်သည်
ဒီနေ့မှာတော့ "Monday Syndrome" ကို အပြင်းအထန် ခံစားနေရရှာတဲ့ အယ်လီ့ရဲ့ လုပ်ငန်းခွင်ထဲက Partner တွေအားလုံးကို Motivate (ခွန်အား) ပေးချင်တာနဲ့ ဒီစာလေးကို ရေးလိုက်ရပါတယ်။
Today, I am writing this to motivate all my workplace partners who are struggling with "Monday Syndrome."
ညက ဇာတ်လမ်းကောင်းလို့ပဲဖြစ်ဖြစ်၊ အတွေးလွန်လို့ပဲဖြစ်ဖြစ် "ပန်ဒါမျက်လုံးလေးတွေ" နဲ့ နိုးထလာပြီး အလုပ်သွားဖို့ ပြင်ဆင်နေကြမယ့် မိတ်ဆွေများအားလုံးအတွက် အယ်လီက "Monday Blues" အကြောင်းလေးကို ရေးသားတင်ဆက်ပေးလိုက်ပါတယ်ရှင်။ အိပ်ချင်မူးတူးနဲ့ အလုပ်သွားနေကြသူများ Bus ပေါ်မှာပဲဖြစ်စေ၊ Ferry ပေါ်မှာပဲဖြစ်စေ ဒီစာလေးကို ဖတ်ရင်း ခဏတာ ပြုံးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ရှင်။
For all my friends who woke up with "panda eyes" from staying up late watching movies or overthinking, Elle presents this little piece about the "Monday Blues." Whether you're on a bus or a ferry half-asleep, I hope reading this brings a small smile to your face.
တနင်္ဂနွေညက ဇာတ်ကားကြည့်ရင်း "ငါ့ဘဝရဲ့ ကံကြမ္မာကို ငါကိုယ်တိုင်ပဲ ဖန်တီးမယ်" ဆိုပြီး စိတ်ဓာတ်တွေ 'Sky High' ဖြစ်ခဲ့သမျှ၊ တနင်္လာနေ့မနက် Alarm မြည်သံကြားလိုက်ရတဲ့အခါ အဲဒီစိတ်ဓာတ်တွေဟာ နေပူထဲက ရေခဲမုန့်လို ဘယ်အရပ်ဆီ အရည်ပျော်သွားမှန်း မသိတော့တာဟာ ... အယ်လီ့ Partners တွေလည်း အတူတူပဲ ဖြစ်မယ်ထင်ပါတယ်။ တကယ်တော့ Alarm သံဆိုတာ ကျမတို့ရဲ့ 'CEO အိပ်မက်' တွေကို လက်တွေ့ဘဝထဲ ဆွဲချလိုက်တဲ့ ပထမဆုံး ပါးရိုက်ချက်ပါပဲ။
Last night, watching movies, your spirit might have been "sky high," thinking, "I am the master of my fate." But when the alarm rings on Monday morning, that motivation melts away like ice cream in the sun. I bet all my partners feel the same! In reality, the alarm clock is the first "slap" that drags our "CEO dreams" back to reality.
ရုံးရောက်လို့ Computer Screen ရှေ့မှာ ငူငူကြီး ထိုင်ရင်း အလုပ်လုပ်ကြမယ့်သူတွေရယ်၊ တစ်ပတ်တာအတွင်း Moti အပြည့်နဲ့ လှပကြော့ရှင်းစွာ အလုပ်တက်ကြမယ့်သူတွေရယ်... မိမိတို့ကိုယ်ပိုင် အလုပ်ထဲက Data တွေ Formula တွေ ကြည့်ရင်း "ဒါဟာ ဘယ်ဘဝက ဝဋ်ကြွေးလဲ" လို့ရော တွေးနေကြမလား။ တဖြည်းဖြည်းနဲ့ တစ်နေ့တာကို စတင်လာတဲ့ အချိန်တွေကြားထဲ ကြာလာတော့ မျက်လုံးထဲမှာ Data တွေ မဟုတ်ဘဲ 'ကြယ်' တွေ၊ 'လ' တွေ မြင်လာရတာဟာ ပင်ပန်းလို့ မဟုတ်ပါဘူးနော်... ကိုယ့်ရဲ့ စိတ်ဝိညာဉ်က အလုပ်ထဲကနေ လွတ်မြောက်ပြီး အာကာသထဲ ခေတ္တခဏ ခရီးထွက်သွားတာလို့ပဲ မှတ်ယူလိုက်ရအောင်ပါ။
Whether you're sitting blankly in front of your computer screen or starting the week looking sharp and motivated, you might look at your data and formulas and wonder, "What did I do to deserve this?" As the day goes on, if you start seeing "stars and moons" instead of data, don't worry—it’s not just exhaustion. Let’s just say your soul has momentarily escaped the office to take a little trip into outer space.
တနင်္လာနေ့မှာ "ငါ ဘာလို့ အလုပ်လုပ်နေတာလဲ" ဆိုတဲ့ မဟာဗျူဟာမြောက် မေးခွန်းကြီး ခေါင်းထဲ ရောက်လာပြီဆိုရင် အကောင်းဆုံး ကုထုံးတစ်ခု ရှိပါတယ်။ အဲဒါကတော့ ကိုယ့်ရဲ့ Mobile Banking ထဲကို ဝင်ပြီး လက်ကျန်ငွေကို တစ်ချက်လောက် မျက်မှောင်ကြုတ်ကြည့်လိုက်ဖို့ပါပဲ။
Whenever the grand strategic question "Why am I even working?" pops into your head on a Monday, there is a perfect remedy: log into your Mobile Banking and take a squint at your current balance.
ဒါပေမဲ့ ချစ်တို့ရေ... စိတ်မပူပါနဲ့ဦး။ အခုမြင်နေရတဲ့ 'ဂဏန်းအနည်းငယ်' ဆိုတာ ခဏတာ ဝေဒနာပါ။ ဒီတနင်္လာနေ့လို ရက်ပေါင်းများစွာကို ကျော်ဖြတ်အပြီး (လကုန်ရက်) ရောက်လာတဲ့အခါမှာတော့ အဲဒီအိတ်လေးဟာ 'အသက်ရှူချောင်စေမယ့် ဆေးအိတ်' အဖြစ် ပြန်လည် ပြည့်တင်းလာဦးမှာ မဟုတ်လား။ အဓိကကတော့ အိတ်ထဲ ငွေပြန်မပြည့်ခင် စိတ်ဓာတ်က အရင် 'အိတ်' မသွားဖို့က ပိုအရေးကြီးပါတယ်ရှင်။
But don't worry, darlings! Those "small numbers" you see right now are just a temporary pain. After surviving many Mondays like this, payday will arrive, and your wallet will be refilled like a "life-saving medicine bag." The most important thing is to make sure your spirit doesn't "empty out" before your bank account refills!
ဒီနေရာမှာ စကားလေးတစ်ခုလောက် ဖြတ်ပြောပြချင်တာက — "Monday ဆိုတာ ပြန်လည်ဆုံတွေ့ခြင်း မဟုတ်ပါ... အကြွေးဆပ်ခြင်းသာ ဖြစ်သည်"
ဆိုတဲ့အတိုင်း နောက်ထပ် ပေါင်းများစွာသော Monday တွေ ကြုံရဦးမှာမို့ ချစ်တို့ရေ... Monday ထက် Friday ကိုသာ အာရုံစိုက်ပြီး အားဖြည့်ကြစေချင်ပါတယ်ရှင်။
At this point, I’d like to share a little quote: "Monday isn't a reunion; it’s a debt repayment." Since we’ll be facing many more Mondays, let’s focus our energy on looking forward to Friday instead!
တကယ်တော့ တနင်္လာနေ့ဆိုတာ ကြောက်စရာ မဟုတ်ပါဘူး။ အချို့အချို့ (အယ်လီ အပါအဝင်ပေါ့) အတွက်ကတော့ ကိုယ့်ရဲ့ ဘဏ်စာရင်းကသာ တကယ့် Horror ကားထက် ပိုပြီး ကြောက်စရာ ကောင်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့လည်း စိတ်မပူပါနဲ့ဦး... ဘဏ်စာရင်းထဲက 'သုည' တွေဆိုတာ ဂဏန်းသက်သက်မျှသာ ဖြစ်သလို၊ ကျမတို့ရဲ့ ကြိုးစားအားထုတ်မှုကို စောင့်ကြည့်နေတဲ့ သတ်မှတ်ချက်တစ်ခုပဲ မဟုတ်လား။
Honestly, Monday itself isn't scary. For some of us (including Elle!), it’s the bank balance that is scarier than a horror movie. But don’t worry—the "zeros" in your account are just numbers, a mere metric monitoring our hard work.
ဒါကြောင့် အကြွေးကင်းပြီး လွတ်လပ်တဲ့ 'Financial Freedom' ဘဝကြီးကို အမှန်တကယ် ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့... မျက်လုံးထဲမှာ ကြယ်တွေမြင်နေရလည်း အားတင်းထားပြီး အယ်လီနဲ့အတူ ဒီနေ့ရဲ့ Excel ကွက်တွေကို အချစ်ဆုံးသူ့မျက်နှာကို ကြည့်သလိုမျိုး အပြုံးမပျက် ဆက်ကြည့်ပြီး ရင်ဆိုင်လိုက်ကြဖို့ပဲ အယ်လီက တိုက်တွန်းအားပေးချင်ပါတယ်ရှင်။
So, if you truly want to achieve a life of "Financial Freedom" and be debt-free, stay strong even when you're seeing stars. Let’s face those Excel sheets together with a smile, as if we’re looking at someone we love!
အားလုံးပဲ... စိတ်လက်ကြည်သာတဲ့ Monday တိုင်းကို ပိုင်ဆိုင်နိုင်ပြီး 'ပင်ပန်းရကျိုးနပ်တဲ့ ရလဒ်ကောင်းတွေကြောင့် ရင်ထဲမှာ ကျေနပ်မှုတွေ ပြည့်လျှံနေမယ့် အလုပ်ခွင်နေ့ရက်လေးတွေ' ကို ပိုင်ပိုင်နိုင်နိုင် စတင်နိုင်ကြပါစေလို့ အယ်လီက ဆုတောင်းပေးလိုက်ပါတယ်ရှင်။
May you all have a peaceful Monday and start your work week with fulfilling days where your hard work pays off and your heart overflows with satisfaction.
ချစ်တို့ရဲ့ တနင်္လာနေ့ကိုရော ဘယ်လိုဖြတ်သန်းကြလဲဆိုတာ Comment မှာ ပြောပြခဲ့ကြပါဦးရှင့်။
Share your thoughts in the comments, darlings!
#MondayMotivation #MondayBlues #CareerAdvice #WorkLifeBalance #FinancialFreedom #EllebertJournal #SuccessTips #MorningVibes #MindsetMatters

Comments
Post a Comment