စာဖတ်ခြင်းမှပေးတဲ့ ဘဝလက်ဆောင်
This Saturday, I would like to share the insights gained from reading, and the pros and cons of reading based on life maturity.
အယ်လီ ၅ တန်းအရွယ်လောက်ကတည်းက အမေက ဆရာကောင်းသန့်ရဲ့ "သမီးလေးဖတ်ဖို့" စာအုပ်တွေကို အတွဲလိုက်ဝယ်ပေးပြီး စာဖတ်တဲ့အလေ့အထကို ပျိုးထောင်ပေးခဲ့ပါတယ်။ ဆရာ့ရဲ့ စာတွေက ငယ်ရွယ်တဲ့ကလေးတွေကို ရည်ရွယ်တာဖြစ်တဲ့အတွက် ပညာပေးရသကို ပေးစွမ်းနိုင်သလို ၁၀ တန်းပြီးလို့ Computer သင်တန်းတက်ပြီး အိမ်မှာပဲ အချိန်ကုန်နေရတဲ့ ကာလမှာတော့ ဘယ်ကရောက်လာမှန်းမသိတဲ့ ဆရာဖေမြင့်ရဲ့ ဘာသာပြန်စာအုပ်တွေကို ဖတ်ရှုရဖူးတယ်။
Ever since I was about in the 5th grade, my mother bought the "For My Daughter" book series by Sayar Kaung Thant in sets, nurturing my reading habit. Since his writings were intended for young children, they provided educational aesthetics. After finishing the 10th grade, during the period when I was attending a computer course and spending time at home, I happened to read translation books by Sayar Pe Myint, which appeared from I don't know where.
အဲဒီတုန်းကတော့ ဆရာ့စာတွေက ကိုယ့်အသိဉာဏ်ထက် မြင့်နေသလို ခံစားခဲ့ရပေမယ့် စိတ်ဓာတ်ခွန်အားဖြည့်စာပေ ဖြစ်တာမို့ ခုခေတ်စာဖတ်တဲ့ လူငယ်တွေအခေါ်အရဆို တက်ကြမ်းအမျိုးအစားထဲမှာ ပါတာပေါ့။
At that time, I felt that his writings were more advanced than my intellect, but since they were motivational literature, they belong to what the modern reading youth call the "Tatkyaမ်း" (Self-Help) category.
အခြေအနေအရ နေထိုင်ရာပြောင်းရတဲ့အခါ အိမ်ရှေ့ကားလမ်းတစ်ဖက်ခြမ်းက စာအုပ်အငှားဆိုင်ဟာ အယ်လီရဲ့ ကမ္ဘာသစ်တစ်ခုလိုဖြစ်လာခဲ့ပါတယ်။ လူနေ၊ သိုးဆောင်း၊ လွန်းထားထား၊ မီကိုဇူးဇင်၊ မင်းမြတ်သူရ စတဲ့ စာရေးဆရာစုံရဲ့ လက်ရာတွေကို ဖတ်ခဲ့တယ်။ ဒီလို ကိုယ့်မျက်စိရှေ့မြင်ရတဲ့ စာအုပ်၊စာပေတွေကို ဘယ်သူမှ မညွှန်းဆိုပေးဘဲ ဖတ်ခဲ့ရတာမှာ စာပေအဆိပ်သင့်တာလည်း ရှိသလို စာပေကရတဲ့ ရင့်ကျက်မှုတွေလည်း ရခဲ့ပါတယ်။
When I had to move house due to circumstances, the book rental shop on the other side of the road in front of my house became a new world for me. I read works by various authors such as Lu Nay, Thoe Saung, Loon Htar Htar, Me Ko Zu Zin, and Min Myat Thu Ya. In reading these books and literatures that I saw before my eyes without anyone's recommendation, there was "literary toxicity," but I also gained maturity from literature.
အခုအရွယ်မှာတော့ ပညာရပ်ဆိုင်ရာ သင်ယူမှုတွေအပြင် ဆရာကြီး ပီမိုးနင်း၊ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာကြီး ဒဂုန်ရွှေမျှား၊ ဆရာသော်တာဆွေ ဆရာကြီး မြသန်းတင့်၊ ဆရာမင်းလူ၊ စတဲ့ ဂန္ထဝင်စာဆိုကြီးတွေရဲ့ လက်ရာတွေကို ဖတ်ရတာ ပိုနှစ်သက်လာခဲ့တယ်။ မူရင်းရော ဘာသာပြန်ပါ စုံလင်လှတဲ့ မြန်မာစာပေလောကရဲ့ လက်စွမ်းထက်တဲ့ စာရေးဆရာတွေရဲ့ ရသစာပေအမျိုးမျိုးဟာ အယ်လီတို့ရဲ့ စိတ်ဓာတ်ကို ပိုမိုကြံ့ခိုင်စေခဲ့ပါတယ်။
At my current age, besides academic learning, I have come to prefer reading the works of classic authors such as Sayar Gyi Pe Moe Nin, Sayar Gyi Shwe U Daung, Sayar Gyi Dagon Shwe Myar, Sayar Thaw Tar Swe, Sayar Gyi Mya Than Tint, Sayar Min Lu, and others. The various types of aesthetic literature by the skillful writers of the Burmese literary world, including both originals and translations, have made our spirits stronger.
စာဖတ်ရင်းကမှ သိလာရတာက အယ်လီတို့ဟာ ဘဝဖြတ်သန်းရင်း ကြုံတွေ့လာရတဲ့ လောကဓံရဲ့ အနိမ့်အမြင့်တွေ၊ မကြုံတွေ့ရသေးတဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့ အသိအမြင်တွေကို စာပေက ပေးစွမ်းနိုင်တယ် ဆိုတာရယ် စိတ်ဓာတ်ကြံ့ခိုင်မှုဆိုတာ စာဖတ်ခြင်းကနေ ရရှိလာတဲ့ အဖိုးအတန်ဆုံး လက်ဆောင်တစ်ခုဆိုတာကို ပိုပြီး သိမြင်လာခဲ့ပါတာပေါ့။
From reading, I have come to realize more deeply that literature can provide insights on how to face the ups and downs of worldly conditions encountered through life, as well as difficulties yet to be faced, and that spiritual strength is the most precious gift received from reading.
ဒါကြောင့်လည်း ဆရာကြီး ရွှေဥဒေါင်း က သူ၏ တသက်တာအတွေးအခေါ်နှင့် မှတ်တမ်းများ ဆိုတဲ့ အတ္ထုပ္ပတ္တိစာအုပ်မှာ
'စာဖတ်ခြင်းသည် လူတစ်ယောက်၏ အတွေးအခေါ်ကို ရင့်ကျက်စေရုံမျှမက၊ လောကဓံကို ရင်ဆိုင်နိုင်သည့် စိတ်ဓာတ်လက်နက်ကို တပ်ဆင်ပေးခြင်းပင် ဖြစ်သည်'
လို့ ဆရာကြီးက ဆိုခဲ့တာ ဖြစ်ပါလိမ့်မယ်။
That might be why Sayar Gyi Shwe U Daung stated in his autobiography,
A Life’s Record and Reflections," that 'Reading does not only mature a person's intellect; it equips them with the spiritual armor necessary to face the vicissitudes of life.'
စာဖတ်ခြင်းဟာ လူနေမှုအဆင့်အတန်းကို မြင့်မားစေရုံသာမက၊ ဘဝရဲ့ အနိမ့်အမြင့်၊ အကောင်းအဆိုးတွေကို ချင့်ချိန်နိုင်စွမ်းပေးပြီး ပိုမိုကောင်းမွန်တဲ့ လမ်းစတွေကို မြင်ယောင်လာစေပါတယ်။ အကယ်၍ စာဖတ်ဖို့ အချိန်မပေးနိုင်ကြရင်တောင် အခုခေတ်မှာ YouTube က Audio Book လေးတွေကို နားဆင်ခြင်းဖြင့်လည်း အသိအမြင်သစ်တွေ တိုးပွားစေနိုင်ပါတယ်။
Reading does more than just elevate our lifestyle; it provides the discernment to navigate life's highs and lows and illuminates the path toward a better future. Even if you cannot find time to read, listening to Audio Books on YouTube nowadays can also increase your knowledge.
ဒီတစ်ပတ် အားလပ်ရက်မှာရော မိတ်ဆွေတို့ ဘယ်လိုစာအုပ်လေးတွေနဲ့ အချိန်ကုန်ဆုံးဖို့ အစီအစဉ်ရှိကြလဲဆိုတာ Comment မှာ ဝေမျှပေးသွားပါဦးရှင်။
How do you plan to spend this weekend? Please share the books you are currently reading in the comments below!
#စာဖတ်ခြင်း #BookReview #ReadingCommunity
#MyanmarBooks #Literature #BookWorm
#Knowledge #LifeLessons #Wisdom #
PersonalGrowth #MotivationMyanmar

Comments
Post a Comment