ဘဝကို အဝေးကနေ ပြန်ကြည့်တဲ့အခါ - Close-up Vs Long-shot
Mel Brooks & Charlie Chaplin’s Perspective by Ellebert
ဒီတစ်ပတ်မှာတော့ အယ်လီ ရွေးချယ်ထားတဲ့ မှတ်သားစရာ စကားစုလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ အပတ်စဉ်တိုင်းမှာ နယ်ပယ်အသီးသီးက ထင်ပေါ်ကျော်ကြားသူတွေရဲ့ ဘဝဒဿနတွေကို အယ်လီတို့ရဲ့ နေ့စဉ်ဘဝ အတွေးအမြင်တွေနဲ့ ယှဉ်ပြီး ဖတ်ရှုကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။
This week, I would like to share a thought-provoking quote that resonated with me. Every week, I invite you to explore the life philosophies of renowned figures from various fields, reflected through the lens of our daily experiences.
ဘဝရဲ့ တချို့နေ့ရက်တွေဟာ တကယ်ကို နေရခက်တတ်ပါတယ်။ တစ်ကမ္ဘာလုံး မှောင်အတိကျသွားပြီး အဆိုးဆုံးသော ကံကြမ္မာတွေကို တစ်ယောက်တည်း ရင်ဆိုင်နေရသလို ခံစားချက်မျိုး လူတိုင်းမှာ ရှိဖူးကြမှာပါ။ ဒီလို အထီးကျန်မှု၊ စိတ်ဓာတ်ကျမှုနဲ့ ဖိအားတွေကြားထဲ ရောက်နေတဲ့အချိန်မှာ ဘဝအတွက် အားဆေးဖြစ်စေမယ့် စာသားလေးတွေကို ဖတ်ရှုပေးဖို့ တကယ်ကို လိုအပ်တယ်လို့ အယ်လီ မြင်ပါတယ်။
There are days in life that are genuinely difficult to navigate. We all have moments where the world feels dark, and we feel as though we are facing the worst of fates alone. In these times of loneliness, discouragement, and stress, I believe it is essential to seek out words that can serve as a healing balm for the soul.
အယ်လီရဲ့ ဒုတိယဆောင်းပါးမှာ Mel Brooks ရဲ့ ဒဿနကို တင်ဆက်ပေးခဲ့ပြီးတဲ့နောက်၊ ဒီတစ်ပတ်မှာတော့ အယ်လီတို့အားလုံး ချစ်ကြတဲ့ ဟာသဘုရင်ကြီး Charlie Chaplin ပြောခဲ့တဲ့ မှတ်သားစရာ စကားတစ်ခွန်းကို မျှဝေပေးချင်ပါတယ်။ အဲဒါကတော့ -
Following my second article featuring the philosophy of Mel Brooks, this week I want to share a memorable quote from the legendary king of comedy we all adore, Charlie Chaplin. He said:
"Life is a tragedy when seen in close-up, but a comedy in long-shot."
"ဘဝဆိုတာ အနီးကပ်ကြည့်ရင် ကြေကွဲဝမ်းနည်းစရာ ဖြစ်နေ တတ်ပေမဲ့၊ အဝေးက လှမ်းကြည့်ရင်တော့ ဟာသတစ်ခုလိုပါ ပဲ" တဲ့။
ဒီစကားစုလေးကို ဖတ်လိုက်ရတဲ့အချိန်မှာ အယ်လီ့အနေနဲ့ တွေးစရာတွေ အများကြီး ရှိလာတယ်လို့ ခံစားလိုက်ရပါတယ်။ တကယ်တော့ အယ်လီတို့အားလုံးဟာ ကိုယ့်ဘဝရဲ့ ဇာတ်ဆောင်တွေဖြစ်သလို၊ ဒါရိုက်တာတွေလည်း ဖြစ်နိုင်ကြပါတယ်။ လက်ရှိမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အကြပ်အတည်းတွေနဲ့ မပျော်ရွှင်မှုတွေကို အနီးကပ် (Close-up) ကြည့်လိုက်တဲ့အခါမှာတော့ တကယ်ကို ဝမ်းနည်းစရာကောင်းနေမှာပါ။ ဒီလို နာကျင်နေရတဲ့အချိန်မျိုးမှာ ဘယ်သူကမှ 'ဒါဟာ အဝေးကကြည့်ရင် ဟာသဖြစ်မှာပါ' ဆိုပြီး ချက်ချင်းကြီးတော့ မတွေးနိုင်ကြတာ သဘာဝပါပဲ။
Reading this quote left me with a lot to ponder. In reality, we are all the protagonists of our own lives, as well as the directors. When we view our current hardships, crises, and unhappiness in a "close-up," they undeniably feel tragic. It is only natural that in moments of deep pain, no one can immediately think, "This will be a comedy from a distance."
ဒါပေမဲ့ တစ်ခုရှိတာက... အဲဒီလို နာကျင်နေတဲ့ကြားထဲကပဲ နောက်တစ်နေ့မနက် မိုးလင်းလို့ ရေချိုးရင်း၊ အလုပ်သွားဖို့ ပြင်ဆင်ရင်းနဲ့မှ 'ဒီနေ့တော့ မနေ့ညကလောက် မနာကျင်တော့ပါလား' ဆိုတဲ့ အသိလေး တစ်ချက်တော့ ဝင်လာတတ်ပါတယ်။ စိတ်လေး အနည်းငယ် တည်ငြိမ်သွားလို့ အဝေးကနေ (Long-shot) နဲ့ လှမ်းကြည့်လိုက်တဲ့အခါ၊ နောက် ၅ နှစ်လောက်အကြာမှာ ဒါတွေကို ပြန်တွေးမိရင် ဟာသတစ်ခုလိုတောင် ဖြစ်နေနိုင်တာမျိုးပါ။ အဲဒီအချိန်တုန်းက ငါ ဘာလို့ ဒီလောက်တောင် ရူးသွပ်ခဲ့တာလဲလို့ ပြန်တွေးပြီး ရယ်တောင် ရယ်မိဦးမှာပါ။
However, in the midst of that pain, a realization often dawns on us—perhaps while taking a shower the next morning or preparing for work—that "today doesn't hurt as much as last night." As our minds find a bit of calm and we look from a "long-shot" perspective, we realize that five years from now, these moments might even feel like a comedy. We might even laugh at ourselves, wondering why we were so overwhelmed back then.
နာကျင်မှုပဲဖြစ်ဖြစ်၊ ပျော်ရွှင်မှုပဲဖြစ်ဖြစ် အရာရာဟာ အခိုက်အတန့်ပါပဲ။ အချိန်အကြာကြီး နာကျင်ခံစားနေရဖို့အတွက် ဒီအရာဟာ တကယ်ရော ထိုက်တန်ရဲ့လားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ရင်း၊ တချို့အရာတွေကိုတော့ အချိန်ပေးပြီး လက်လွှတ်လိုက်ဖို့ လိုတာပေါ့နော်။
Whether it is pain or joy, everything is transient. By asking ourselves if a particular sorrow is truly worth holding onto for so long, we eventually learn to give it time and let it go.
ဒါကြောင့် ဒီနေ့မှာ စိတ်ညစ်စရာတွေနဲ့ ကြုံနေရလို့ ဘဝကြီးက 'Tragedy' တစ်ခုလို ဖြစ်နေတယ်လို့ ခံစားရရင်လည်း အားမလျှော့လိုက်ပါနဲ့ဦး။ သင်ဟာ သင့်ဘဝရဲ့ ဇာတ်လိုက်ဖြစ်သလို၊ ဒီဇာတ်လမ်းကို ပျော်ရွှင်စရာအဆုံးသတ် (Comedy) ဖြစ်အောင် ဖန်တီးနိုင်တဲ့ ဒါရိုက်တာလည်း ဖြစ်နိုင်လို့ပါ။
So, if you are facing hardships today and feel like your life is a "tragedy," do not lose heart. You are the star of your own life, and you also have the power as the director to shape this story toward a happy ending.
စာဖတ်သူတို့တွေရော... ကိုယ့်ဘဝရဲ့ ဘယ်လိုအလွဲလေးတွေက အခုအချိန်မှာ 'ဟာသ' တစ်ခုလို ပြန်ပြောင်းကြည့်ပြီး ရယ်မောနိုင်နေပြီလဲ? ဆိုတာ Comment မှာ အယ်လီ့ကို ပြောပြခဲ့ဦးနော်။
What about you, dear readers? What past blunders in your life can you now look back on and laugh at as a "comedy"? Please share your stories with me in the comments!
#EllieWeeklyQuote #LifeWisdom #CharlieChaplin #PerspectiveShift
#InspirationQuotes #TrendingMyanmar2026

Comments
Post a Comment