ရပ်တန့်ခြင်း၏နောက်ကွယ်က မြင်ကွင်းကျယ် - The Panoramic View Behind the Pause



ပြီးခဲ့တဲ့ အပတ်မှာ အယ်လီက ချာလီချက်ပလင်ရဲ့ Masterpiece ဖြစ်တဲ့ စာကြောင်းတစ်ခုကို ဘဝရှုထောင့်တစ်ခုအနေနဲ့ ရေးခဲ့တာကို မှတ်မိကြမှာပါ။ ပြီးတော့ တစ်ရက်လောက် ဘာမှမလုပ်ဘဲ ရပ်တန့်ကြည့်ဖို့လည်း ဆွေးနွေးခဲ့ကြဖူးပါတယ်။ ဒီတစ်ပတ်မှာတော့ အဲဒီ အဝေးကြည့်နဲ့ ရပ်တန့်ခဲ့ခြင်းနှစ်ခုက ပေးတဲ့ အမြင်ကို ရေးပြချင်တာမို့ ဖတ်ရှုပေးကြပါဦး ရှင့်။


As you might remember, in the past few weeks, I shared a unique life perspective inspired by Charlie Chaplin's masterpiece quote. Following that, we also talked about the idea of hitting pause and doing absolutely nothing for a day. This week, I’d love to share the deeper insights born from these two practices—looking from a distance and pausing. Please read on to explore it with me.



ဘဝကို ရပ်တန့်ပြီးကြည့်ဖို့ ရေးသားခဲ့မှုအပေါ်မှာ ကိုယ့် Blog ကို ဖတ်နေပြီး အပြင်မှာသိနေတဲ့ သူငယ်ချင်းတစ်ယောက်က "မင်းရေးတဲ့ထဲက ရပ်တန့်ခြင်း တနင်္ဂနွေကို ဘာလို့ရပ်တန့်ပြီး ကြည့်မြင်နေရမှာလဲ" ဆိုပြီး မေးခွန်းထုတ်ခဲ့တာပေါ့။ ဒီအပေါ်မှာ အယ်လီပေးချင်တဲ့ အဖြေကတော့ ရှင်းပါတယ်။ အမြဲတမ်း ပြေးနေတဲ့သူတစ်ယောက်ဟာ လမ်းဘေးက ပန်းကလေးတွေ ပွင့်နေတာကို မြင်ဖို့ ခဲယဉ်းနိုင်လို့ပါပဲ။


Reflecting on that post about pausing to look at life, a friend of mine who reads my blog asked me, "Why do we even need to pause and look around on a Sunday like you wrote?" My answer to that is quite simple: someone who is constantly running will always find it hard to notice the wildflowers blooming along the roadside.


ရပ်တန့်လိုက်တဲ့အခါ မိမိစိတ်အတွင်းသားထဲက ငြိမ်းချမ်းမှုကိုလည်း မြင်နိုင်သလို အယ်လီတို့ ဘဝမှာ "အလုပ်များနေခြင်း" (Busy-ness) ဆိုတဲ့ မြူနှင်းတွေက ရှေ့က မြင်ကွင်းတွေကို မြင်နိုင်ဖို့အတွက် တစ်ခါတရံမှာ ဝေဝါးနေစေတတ်တယ်။ မောင်းနေတဲ့ ကားတစ်စီးပေါ်ကနေ လမ်းဘေးက သစ်ပင်၊ ပန်းပင်တွေကို အရိပ်တွေလိုပဲ ဝါးတားတား မြင်ရပေမယ့်၊ ကားကို ခဏရပ်ပြီး ဆင်းကြည့်လိုက်တဲ့အခါမှ သစ်ရွက်ရဲ့ အကြောလေးတွေအထိ မြင်လာရသလိုမျိုးပေါ့။ အပြင်လောကတင်မကဘူး၊ ကိုယ့်စိတ်ထဲက တကယ်လိုအပ်နေတဲ့ အရာတွေ၊ ကိုယ်တကယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို ရပ်တန့်ကြည့်မှပဲ "မြင်ကွင်းကျယ်" နဲ့ မြင်လာရတာပါ။


When we pause, we can find true inner peace. Often, the fog of "busy-ness" in our lives blurs our vision. Think of it like being in a speeding car; the trees and flowers outside appear as nothing more than a blurry streak. But when you stop the car and step outside, you can finally see the intricate veins on every single leaf. This applies to both our outer world and our inner selves—only when we stop can we see our true needs and deepest desires in a clear, panoramic view.


ရှေ့ရက်တွေမှာ အယ်လီလည်း Blog မှာ Category အစုံအလင် ရေးနေမိရာကနေ ခဏရပ်ပြီး ပြန်ကြည့်မိတယ်။ ဒီလိုရေးသားမှုတွေကလည်း ကိုယ့်စိတ်အတွင်းက အမှန်တကယ်မြင်ပြီး ရေးသားခဲ့တဲ့အရာတွေဆိုပေမယ့် ကိုယ် ဘာတွေ ရေးချင်တာလဲ၊ စာဖတ်သူတွေကို ဘာတွေ ပေးချင်တာလဲဆိုတာ ပိုမြင်လာရတယ်။ အရာရာကို အစုံလုပ်နေတာထက်၊ ကိုယ်နဲ့ ကိုက်ညီတဲ့ အကန့် (Category) လေးတွေထဲမှာ စနစ်တကျ ရှိနေတာက ပိုပြီး လှပတဲ့ မြင်ကွင်းတစ်ခု ဖြစ်လာနိုင်မယ်လို့လည်း မျှော်လင့်နေမိခဲ့ပါတယ်။


Lately, I found myself blogging about a bit of everything without a clear direction. So, I took a step back to reflect. While those pieces came straight from my heart, pausing allowed me to see more clearly what I truly want to write about and what value I want to offer you, my readers. I’ve come to believe that rather than trying to do everything at once, staying organized within well-defined categories creates a much more beautiful and meaningful experience.



ဒါကြောင့် ဒီတစ်ပတ်မှာတော့ အယ်လီနဲ့အတူ ဘဝကို ခဏလောက် ရပ်တန့်ကြည့်ကြဖို့ ထပ်မံဖိတ်ခေါ်ချင်ပါတယ်။ ပြေးလွှားနေရတဲ့ ကြားထဲကနေ ခဏလေးပဲဖြစ်ဖြစ် ရပ်ကြည့်လိုက်တဲ့အခါ စိတ်ထဲမှာ အနည်ထိုင်သွားပြီး ကိုယ့်ဘဝရဲ့ 'မြင်ကွင်းကျယ်' ထဲမှာ ဘာတွေက တကယ်အရေးကြီးနေသလဲဆိုတာကို မြင်တွေ့စေချင်မိလို့ပါ။


That’s why this week, I invite you once again to pause for a moment. Even a brief pause amidst our daily rush allows the noise to settle, helping us see what truly matters in the wider landscape of our lives.


ဒီလို မြင်ကွင်းကျယ်ကနေ မြင်လိုက်ရတဲ့ အသိအမြင်သစ်တွေနဲ့အတူ အယ်လီရဲ့ Blog လေးမှာလည်း စာဖတ်သူတို့အတွက် ပိုပြီး အနှစ်သာရရှိစေမယ့် အကန့် (Category) လေးတွေနဲ့ စနစ်တကျ ဖတ်ရှုနိုင်ဖို့ ပြန်လည်ပြင်ဆင်နေပါတယ်။


With these new insights, I am currently restructuring this blog into well-organized categories to bring you a more meaningful and streamlined reading experience.



စာဖတ်သူတို့ရော... ဒီတစ်ပတ်ရဲ့ ရပ်တန့်ခြင်း မြင်ကွင်းကျယ်ထဲမှာ ဘယ်လို ထူးခြားတဲ့ အလှတရားလေးတွေကို ရှာဖွေတွေ့ရှိခဲ့ကြလဲ ဆိုတာ အယ်လီကို ပြန်ဝေမျှပေးခဲ့ကြပါဦးနော်။


How about you? What unique beauty did you discover within your own panoramic view during this pause? Please share your thoughts with me in the comments below.


#TheArtOfPausing #SlowLiving #PerspectiveShift

#BloggingCommunity #LifeReflections

Comments

Popular posts from this blog

Welcome to Elle Bert's Journal!

နာကျင်မှုကို ရှုထောင့်အသစ်မှ ရှုမြင်ကြည့်ခြင်း

နာရီလက်တံတွေ လိပ်ပြာဖြစ်သွားတဲ့အခါ - When Clocks Turn to Butterflies