အလုပ်နဲ့ Personal ကို ဘယ်လို စည်းခြားမလဲ - Work vs. Personal Life
ယနေ့မှာတော့ အခုတလော လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ Trend ဖြစ်နေတဲ့ အကြောင်းအရာလေးတစ်ခုနဲ့ ဆွေးနွေးချင်ပါတယ်။ အကြောင်းကတော့ လုပ်ငန်းခွင်အတွင်းက ကိစ္စတွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ (Personal) ကိစ္စတွေကို ရောထွေးပြီး ဆတ်ဆတ်ထိမခံ ဖြစ်နေကြတဲ့ အခြေအနေတွေကို ခဏခဏ မြင်တွေ့နေရလို့ပါ။
Today, I’d like to discuss a topic that has been trending heavily on social media lately. We often see situations where workplace issues and personal matters get blurred, leading to highly sensitive emotional outbursts.
အလုပ်ခွင်ကိစ္စမှာ ခံစားချက်ကို ရှေ့တန်းတင်မိတဲ့အခါ ရေရှည်တည်ဆောက်ထားရတဲ့ လုပ်ငန်းခွင်ဆက်ဆံရေးတွေတင်မကဘဲ ကိုယ့်ရဲ့ Personal Life နဲ့ စိတ်အေးချမ်းမှုပါ ထိခိုက်လာပြီး Work-Life Balance မညီမျှမှုတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ အလုပ်ကအလုပ်၊ Personal က Personal သေသေချာချာ စည်းမခြားတတ်ခြင်းက ကိုယ့်ဘဝကို ကိုယ်တိုင်မီးရှို့နေသလိုမျိုး၊ အချိန်မရွေး ထပေါက်နိုင်တဲ့ လောင်စာတစ်ခုကို သယ်ဆောင်ထားရသလိုပဲလို့ အယ်လီကတော့ မြင်မိပါတယ်။
When we let emotions lead the way in professional settings, it doesn’t just ruin long-term work relationships; it heavily drains our personal life, peace of mind, and disrupts our work-life balance. Failing to draw a clear line between work and personal life is like setting fire to your own well-being—it feels like carrying hidden fuel that can explode at any moment.
ဒီလို အလုပ်နဲ့ Personal ခွဲခြားမှုကို လုပ်ငန်းခွင် ဝင်ခါစက ဘယ်သူမှ မသင်ပေးခဲ့ဘဲ လက်တွေ့ အတွေ့အကြုံတွေကနေပဲ အယ်လီ သင်ယူခဲ့ရတာပါ။ တစ်ခါတရံ ကိုယ့်ဘက်က ရင့်ကျက်တည်ငြိမ်စွာ ဖြေရှင်းပေမယ့် တစ်ဖက်လူရဲ့ အတ္တနဲ့ မခွဲခြားတတ်မှုတွေကြောင့်ဖြစ်စေ၊ ကိုယ်တိုင် သတိမထားမိဘဲဖြစ်စေ အဲဒီ ဒရမ်မာ (Drama) တွေထဲ ပါဝင်ပတ်သက်သွားတတ်တဲ့ အခြေအနေမျိုးတွေ ရှိနိုင်ပါတယ်။
No one taught me how to separate work from personal life when I first started working; I learned it entirely through real-world experience. Sometimes, even when you handle things maturely, you can still get dragged into messy dramas, either due to someone else's self-centeredness or by unintentionally slipping into it yourself.
အဲဒီလို အခြေအနေမျိုးမှာ အဓိပ္ပာယ်မရှိတဲ့ စကားနိုင်လုပွဲတွေထဲ မိမိကိုယ်တိုင် သတိမထားမိဘဲ ပါဝင်ပတ်သက်ပြီး တုံ့ပြန်နေမယ့်အစား၊ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးနဲ့ စွမ်းအင်တွေကို ကာကွယ်ပြီး ဘယ်လိုကျော်ဖြတ်နိုင်မလဲဆိုတော့ —
In those moments, instead of getting caught up in meaningless arguments and reacting defensively, how can we rise above it to protect our mental health and energy? Here is how:
၁။ တုံ့ပြန်မှုကို ခေတ္တဆိုင်းငံ့ပါ
ဒီလိုအခြေအနေမျိုးကြုံလာရတဲ့အခါ စိတ်ဆတ်ပြီး ဆတ်ဆတ်ထိမခံဖြစ်နေတဲ့ အခြေအနေမျိုးမှာ စာပြန်တာဖြစ်ဖြစ်၊ စကားပြောတာဖြစ်ဖြစ် ချက်ချင်းမလုပ်ပါနဲ့။ အလုပ်နဲ့ Personal ကို မခွဲခြားတတ်တဲ့သူတွေဟာ ကိုယ့်ဆီက ဒေါသတုံ့ပြန်မှုကို မျှော်လင့်နေကြတာပါ။ စက္ကန့် ၃၀ လောက် အသက်ပြင်းပြင်းရှူပြီး စိတ်ကို အေးချမ်းအောင် အရင်လုပ်ခြင်းက မလိုအပ်တဲ့ စကားနိုင်လုပွဲတွေထဲ မဝင်မိအောင် တားဆီးပေးပါတယ်။
(Pause Before You React)
When situations get highly intense, do not reply or react immediately. People who fail to separate work from personal life are often looking for an emotional reaction. Taking deep breaths for about 30 seconds to calm your mind will keep you from getting dragged into unnecessary arguments.
၂။ စာနာစိတ်နဲ့ စည်းတစ်ခုခြားပါ
တစ်ဖက်လူက အတ္တဆန်ဆန်နဲ့ လာရောက်ပတ်သက်လာတဲ့အခါ "သူ့မှာလည်း သူ့အကြောင်းနဲ့သူ စိတ်ရှုပ်စရာတွေ ရှိနေလို့နေမှာပါ" ဆိုပြီး စာနာပေးလိုက်ပါ။ ဒါပေမယ့် ကိုယ့်ရဲ့ စည်း (Boundary) ကိုတော့ ပြတ်ပြတ်သားသား သတ်မှတ်ပြီး "ဒီကိစ္စက အလုပ်နဲ့ပဲ ဆိုင်တာမို့ ရုံးချိန်အတွင်းမှာပဲ Professional ကျကျ ဆွေးနွေးရအောင်" ဆိုတဲ့ စကားမျိုးနဲ့ စည်းအကန့်အသတ်ကို နူးညံ့စွာ သတိပေးပါ။
(Set a Boundary with Empathy but Firmness)
When someone approaches you with an ego-driven mindset, try to practice empathy, realizing they might be dealing with their own unexpressed stress. However, you must maintain a clear boundary. Remind them gently yet firmly by saying, "Since this is a work matter, let’s discuss it professionally during office hours.
၃။ ပညာသားပါပါ "Mute" သို့မဟုတ် "Block" လိုက်ပါ
ကိုယ့်ဘက်က ဘယ်လိုပဲ စည်းခြားထားပေမယ့် တစ်ဖက်လူက စည်းကျော်ပြီး ကိုယ့်ရဲ့ ပါဆင်နယ်ဘဝနဲ့ စိတ်အေးချမ်းမှုကို ဆက်လက်နှောင့်ယှက်နေမယ်ဆိုရင်တော့ အချိန်ကုန်ခံပြီး ရှင်းပြမနေပါနဲ့တော့။ ကိုယ့်ရဲ့ စိတ်ကျန်းမာရေး (Mental Health) အတွက် ဖုန်းနံပါတ် သို့မဟုတ် လူမှုကွန်ရက်ကို ပညာသားပါပါ "Mute" လုပ်ထားခြင်း သို့မဟုတ် "Block" လိုက်ခြင်းက အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်ပါတယ်။
(Gracefully Mute or Block)
If you have already established boundaries but they continue to cross the line, disrupting your personal life and peace of mind, stop wasting your time explaining. For the sake of your mental well-being, gracefully muting or blocking their phone number and social media profiles is the most effective solution.
စကားနိုင်လုပွဲတွေ၊ ဒရမ်မာတွေထဲကနေ ရုန်းထွက်ပြီး စည်း (Boundary) တစ်ခုကို ပြတ်ပြတ်သားသား သတ်မှတ်လိုက်ခြင်းက ရှုံးနိမ့်ခြင်း မဟုတ်ပါဘူး။ ကိုယ့်ဘဝရဲ့ 'မြင်ကွင်းကျယ်' ထဲမှာ ဘယ်အရာက တကယ်အရေးကြီးလဲဆိုတာကို ကောင်းကောင်းသိလို့ ကိုယ့်ရဲ့ အဖိုးတန်တဲ့ အချိန်နဲ့ စွမ်းအင်တွေကို ကာကွယ်လိုက်ခြင်းသာ ဖြစ်ပါတယ်။ အလုပ်မှာလည်း ပရော်ဖက်ရှင်နယ်ပီသပြီး၊ မိမိရဲ့ ပါဆင်နယ်ဘဝမှာလည်း ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်ဖို့ဆိုရင် စည်းတစ်ခုကတော့ အမြဲတမ်း လိုအပ်နေဦးမှာပါ။
Stepping away from petty arguments and setting a clear boundary is not a sign of defeat. It simply means you know what truly matters in the bigger picture of your life and are choosing to protect your valuable time and energy. To remain a true professional at work while enjoying peace in your personal life, a firm boundary will always be essential.
စာဖတ်သူတို့ကော... အလုပ်ခွင်က စိတ်ရှုပ်စရာတွေကို Personal ဘဝထဲအထိ ပါမလာအောင် ဘယ်လို စည်းခြားလေ့ရှိခဲ့လဲ... စိတ်အနှောင့်အယှက်ပေးတဲ့ အခြေအနေတွေကိုရော အခုလိုမျိုး ရင့်ကျက်စွာ ကျော်ဖြတ်နိုင်ခဲ့ကြလားဆိုတာ အယ်လီ့ကို Comment မှာ ဆွေးနွေးဝေမျှပေးခဲ့ကြပါဦးနော်။
How about you? How do you draw the line to prevent workplace stress from bleeding into your personal life? Have you been able to maturely handle and distance yourself from such stressful situations? Please share your thoughts with me in the comments below.
#work-lifebalance #PersonalGrowth #Reflections #Lifestyle

Comments
Post a Comment