စက်ရော လူပါ အနားရစေမယ့် Weekend Maintenance (Checklist)




ရှေ့တစ်ပတ်မှာ အယ်လီက TGIF နဲ့ ပတ်သက်တာလေး ရေးခဲ့တော့၊ ဒီတစ်ပတ်မှာလည်း နည်းနည်းလေး ထူးခြားပြီး တွေးမိထားတာလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ 


Last week, I shared some thoughts on TGIF. This week, I’d like to share something a bit more insightful that’s been on my mind lately.


ထုံးစံအတိုင်း သောကြာနေ့ (TGIF) ရောက်ပြီဆိုရင် လူတိုင်းရဲ့ စိတ်ထဲမှာ "အားလပ်ရက်" ဆိုတဲ့အသိနဲ့ ပေါ့ပါးသွားတတ်ကြပါတယ်။ ဒါပေမဲ့ အလုပ်ပိတ်ရက်မှာ ကျွန်မတို့ အနားယူသလိုပဲ၊ တစ်ပတ်လုံး လူကြီးမင်းတို့နဲ့အတူ ရုန်းကန်ပေးထားတဲ့ Yanmar EF Series ထွန်စက်ကြီးတွေကိုရော စနစ်တကျ အနားပေးဖို့ သတိရကြရဲ့လား? 


As usual, when Friday (TGIF) arrives, we all feel a sense of relief looking forward to the weekend. But while we take our well-deserved rest, do we remember to give our Yanmar EF Series tractors—which have been working hard alongside us all week—the proper downtime they need?


မနေ့ကတော့ အယ်လီက စက်တစ်စီးရဲ့ အသက်သွေးကြောဖြစ်တဲ့ Filter တွေအကြောင်း ပြောပြခဲ့ပြီးပြီဆိုတော့ ဒီနေ့မှာတော့ အလုပ်ပိတ်ရက် အနားယူတဲ့ရက်တွေမှာ စက်ကို ဘယ်လို "သိမ်းဆည်းထိန်းသိမ်း" သင့်သလဲဆိုတဲ့ အချက်လေးတွေကို ပြောပြချင်ပါတယ်။


Yesterday, I discussed filters, the lifeblood of any machine. Today, I want to add some essential tips on how to properly store and maintain your tractor during your weekend break.



၁။ စက်ကို သန့်ရှင်းရေးလုပ်ပါ 

ပထမဆုံးအနေနဲ့ တစ်ပတ်တာလုံး လုပ်ငန်းခွင်ထဲမှာ အားတက်သရော ရုန်းကန်ထားရတဲ့ စက်ပစ္စည်းတွေပေါ်မှာ ဖုန်မှုန်တွေ၊ ရွှံ့နွံတွေနဲ့ အညစ်အကြေးတွေ ကပ်ညှိနေတာက သဘာဝပါပဲ။ အထူးသဖြင့် ရွှံ့နွံတွေမှာပါတဲ့ အစိုဓာတ်ဟာ စက်ရဲ့ သံထည်အစိတ်အပိုင်းတွေကို တဖြည်းဖြည်း တိုက်စားပြီး သံချေး (Rust) တက်စေနိုင်သလို၊ ကပ်ငြိနေတဲ့ အညစ်အကြေးတွေကြောင့် စက်ရဲ့ လှုပ်ရှားစရာ အစိတ်အပိုင်းတွေ (Moving Parts) ကြားမှာ ပိတ်ဆို့တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် မိမိတို့စက်ရဲ့ သက်တမ်းကို ပိုမိုကြာရှည်ခံအောင် ပုံမှန်သန့်ရှင်းရေးလုပ်ပေးဖို့ လိုအပ်ပါမယ်နော်။ 


1. Clean Your Machine

First and foremost, it’s natural for dust, mud, and debris to accumulate on equipment after a week of hard work in the field. The moisture trapped in mud can gradually corrode metal parts, leading to rust. Furthermore, accumulated grime can clog moving parts, potentially causing mechanical issues. To ensure your machine's longevity, regular cleaning is essential.


၂။ ဆီတိုင်ကီကို ဆီအပြည့်ဖြည့်ထားပါ 

ဒုတိယအချက်အနေနဲ့ အလုပ်ပိတ်ရက်မှာ ဆီတိုင်ကီထဲ ဆီအပြည့်ဖြည့်ထားဖို့ တိုက်တွန်းချင်ပါတယ်။ ဆီနည်းပြီး လေဟာနယ်များနေရင် တိုင်ကီအတွင်းနံရံမှာ ရေငွေ့ (Condensation) တွေ ခိုအောင်းလာပြီး ဆီထဲကို ရေတွေအဖြစ် ရောနှောကျဆင်းသွားတတ်လို့ပါ။ ဆီထဲမှာ ရေပါဝင်မှုများလာရင် အင်ဂျင်သံမမှန်တာ၊ စက်နှိုးရခက်တာနဲ့ အင်ဂျင်အတွင်းပိုင်းကို သံချေးတက်စေနိုင်ပါတယ်။ ဒါ့အပြင် ဆီစစ် (Filter) တွေလည်း ဝန်ပိစေနိုင်တာကြောင့် ဆီအပြည့်ဖြည့်ထားခြင်းက Filter တွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးရာ ရောက်ပါတယ်ရှင်။


2. Keep the Fuel Tank Full

Secondly, I recommend filling up the fuel tank before the weekend break. A low fuel level leaves empty space where condensation can form on the tank’s inner walls, leading to water mixing with the fuel. High water content can cause uneven engine performance, starting difficulties, and internal corrosion. Moreover, it puts extra strain on your fuel filters, so keeping a full tank effectively reduces their workload.


၃။ ဘတ္ထရီနှင့် လျှပ်စစ်စနစ်ကို စစ်ဆေးပေးပါ

နောက်ဆုံးတစ်ချက်ကတော့ စက်ရဲ့ နှလုံးခုန်သံလို့ တင်စားကြတဲ့ ဘတ္ထရီ (Battery) ပဲ ဖြစ်ပါတယ်။ အလုပ်ပိတ်ရက်မှာ စက်ကို (၂) ရက်ထက်ပိုပြီး ရပ်နားထားတော့မယ်ဆိုရင် မီးယိုစိမ့်မှု (Current Leakage) ဖြစ်နေတာမျိုး ရှိတတ်တာကြောင့် သေချာစစ်ဆေးသင့်ပါတယ်။ တကယ်လို့ အချိန်ကြာကြာ ရပ်နားထားမယ်ဆိုရင်တော့  ဘတ္ထရီခေါင်းမှာရှိတဲ့ အမည်းရောင်ကြိုး (သို့မဟုတ်) အနှုတ်လက္ခဏာ ( - ) ပါတဲ့ဘက် ကို ခေတ္တဖြုတ်ထားပေးပါ။ ဒါက ဘတ္ထရီအားကုန်တာကို ကာကွယ်ပေးသလို သက်တမ်းကိုလည်း ပိုရှည်စေပြီး တနင်္လာနေ့မှာ ယုံကြည်မှုရှိရှိ အလုပ်ပြန်စတင်နိုင်မှာ ဖြစ်ပါတယ်ရှင်။ 


3. Check the Battery and Electrical System

Lastly, let’s talk about the battery, often called the heart of the machine. If you plan to park your tractor for more than two days, check for any current leakage or small switches left on. For longer periods of inactivity, it’s best to disconnect the negative terminal or battery head. This prevents power drain, extends battery life, and ensures a smooth, confident start come Monday morning.



အခုပြောပြခဲ့တဲ့ အချက်လေးတွေက မိတ်ဆွေတို့ရဲ့ Yanmar စက်ကြီးတွေ သက်တမ်းရှည်ပြီး အမြဲတမ်း အဆင်သင့်ဖြစ်နေစေဖို့ အယ်လီရဲ့ Weekend Maintenance အကြံပြုချက်လေးတွေပဲ ဖြစ်ပါတယ်။ 


These tips are part of Aly’s Weekend Maintenance guide to ensure your Yanmar equipment remains durable and always ready for action.


တကယ်တော့ Maintenance ဆိုတာ စက်ပိုင်းဆိုင်ရာတင်မကဘဲ အယ်လီတို့ရဲ့ စိတ်နဲ့ အတွေးပိုင်းတွေမှာလည်း အကျုံးဝင်ပါတယ်။ ဒါကြောင့် နောက်တစ်ပတ် သောကြာနေ့မှာတော့ အခုပြောပြခဲ့တဲ့ စက် Maintenance ကနေ 'စိတ်ပိုင်းဆိုင်ရာ Maintenance' အဖြစ် ဘယ်လိုပြောင်းလဲ စဉ်းစားလို့ရမလဲဆိုတာကို The Power of Habit စာအုပ်ထဲက အချက်အလက်တွေနဲ့အတူ ဆက်လက်မျှဝေပေးသွားမှာမို့လို့ စောင့်မျှော်ပေးပါဦးနော်။


 Maintenance isn't just for machines; it applies to our minds and mindsets as well. Next Friday, I will discuss how to transition from machine maintenance to "Mental Maintenance," featuring insights from the book "The Power of Habit." Stay tuned!


အားလုံးပဲ စက်ရောလူပါ အားအင်ပြည့်ဝတဲ့ Weekend လေး ဖြစ်ပါစေရှင်။ 


Wishing you all a weekend filled with renewed energy for both you and your machines!


#TractorMaintenance #WeekendMaintenance #MaintenanceTips 

#TGIF #MachineCare #AgricultureTips 

Comments

Popular posts from this blog

Welcome to Elle Bert's Journal!

နာကျင်မှုကို ရှုထောင့်အသစ်မှ ရှုမြင်ကြည့်ခြင်း

နာရီလက်တံတွေ လိပ်ပြာဖြစ်သွားတဲ့အခါ - When Clocks Turn to Butterflies