နာရီလက်တံတွေ လိပ်ပြာဖြစ်သွားတဲ့အခါ - When Clocks Turn to Butterflies (Part II)
When the Clock Hands Turn into Butterflies - (Part II)
လွန်ခဲ့တဲ့ အချိန်နာရီတစ်ခုက ပြတင်းပေါက်မှ လွင့်ပျံသွားတဲ့ နာရီလက်တံ လိပ်ပြာလေးတွေဟာ ဒီတစ်ခါမှာတော့ ပန်းပွင့်အဖြစ်အသွင်ပြောင်းသွားခဲ့ပါပြီ။ ကိုယ်တို့အခန်းရဲ့ ကောင်းကင်ယံမှာ စာလုံးအလှတွေဟာ ကခုန်ရင်း... တစ်စစီ ကြေမွပျက်ဆီးနေတာကို လက်မှိုင်ချရင်း ထိုင်ကြည့်နေခဲ့ရ။
The butterfly clock-hands that drifted through the window an eternity ago have now transfigured into blossoms. I sit here with heavy, helpless hands, watching the elegant calligraphy across our ceiling dance... only to shatter into ruin, piece by piece.
တစုံတရာ မရှိတော့တဲ့နောက်... ကိုယ့်ရဲ့ စာရေးခုံပေါ်က မင်အိုးလေးဟာ ကောင်းကင်ပြာရောင် သမုဒ္ဒရာအဖြစ် ပြောင်းလဲသွားပြီး အဲဒီထဲမှာ ကိုယ်တို့အတူတူ လျှောက်ခဲ့တဲ့ လမ်းမတွေဟာ ရေမွှန်းလို့ နစ်မြုပ်နေခဲ့ပေါ့။
In the heavy wake of your absence, the small inkwell upon my desk dissolves into an ocean of sky-blue; within its depths, the very streets we once walked together now drown, suffocating beneath the tides.
ကိုယ့်နားထဲက မင်းရဲ့အသံဟာ ညနေခင်းရဲ့ နေရောင်ခြည်လို ဖန်ပြတင်းပေါက်ကို ဖြတ်သန်းပြီး ကိုယ့်ခန်းနံရံပေါ်မှာ အလင်းစက်လေးတွေအဖြစ် လာရောက်တွဲခိုနေဆဲ။ ကိုယ် ဖမ်းဆုပ်ဖို့ ကြိုးစားလိုက်တိုင်း အဲဒီအလင်းစက်လေးတွေဟာ ဖန်သာမှုန်အဖြစ် ပြောင်းလဲသွားပြီး ကိုယ့်ရဲ့ နှလုံးသားတည့်တည့်ဆီ စူးခနဲ တိုးဝင်ပျောက်ကွယ်သွားကြပြန်တယ်။
Your voice, still echoing softly in my ears, pierces through the glass window like twilight sunbeams, clustering into crystalline droplets of light upon my wall. Yet, each time I reach out to grasp them, they shatter into sharp silver glass-dust, driving straight into my heart and vanishing into the ache.
လမ်းမပေါ်က ဆူညံသံတွေနဲ့ လူအုပ်ကြီးဟာ ကင်းဗတ်စပေါ်က ခဲပန်းချီဆွဲချက်တွေလို ဝါးမြိုပျောက်ကွယ်လို့။ ကိုယ်တို့အတူထားရစ်ခဲ့တဲ့ အလွမ်းညဉ့်နက်နက်တွေဟာ... ဆွဲအားမဲ့ ကမ္ဘာကြီးထဲမှာ ဝင်ရိုးပျောက်ပြီး လွင့်မျောနေခဲ့တာ။ ကိုယ့်နှလုံးသားရဲ့ သွေးကြောတွေထဲမှာ စီးဆင်းနေတာ သွေးတွေမဟုတ်ဘဲ ကိုယ်တို့အတူ စွန့်ပစ်ခဲ့တဲ့ စက္ကန့်တံတွေရဲ့ တုန်ခါမှုတွေ။
The bustling crowds and cacophony of the streets bleed into the background like faded pencil sketches on a raw canvas. The deep, solitary nights of longing we left behind float aimlessly in a gravity-defying realm, having completely lost their axis. What flows through the veins of my heart is no longer blood, but the cold, rhythmic vibration of the seconds we abandoned together.
မျက်နှာကျက်ပေါ်မှာ ပေါက်ရောက်နေတဲ့ နှင်းဆီဖြူပွင့်တွေဟာ ကြယ်ပွင့်တွေလို ကြွေကျနေကြတယ်။ တိမ်းစောင်းနေတဲ့ ကမ္ဘာမြေရဲ့ ကမ်းခြေပေါ်မှာ လမ်းလျှောက်ရင်း ဖမ်းဆုပ်ခွင့်မရှိတော့တဲ့ မင်းရဲ့ လက်ချောင်းကလေးတွေကို ငေးမောမိတဲ့အထိ ကိုယ့်ဝိညာဉ်ဟာ ဖန်ကျကွဲသံလို နာကျင်စရာ သံစဉ်တစ်ခုအဖြစ် ဒီဘဝမှာ ပျောက်ကွယ်သွားခဲ့လေပြီ။
White roses blooming on the ceiling fall upward, shedding like weeping stars. Walking along the shoreline of this tilted earth, gazing at your fingers—now forever out of reach—my soul weightlessly drifts and vanishes into this lifetime, like the agonizing melody of shattering glass.
နှစ်ကိုယ်တူ တည်ဆောက်ခဲ့တဲ့ ကိုယ်တို့ရဲ့ ချစ်မေတ္တာဟာ စာအုပ်ဟောင်းတစ်အုပ်ကြားထဲ ညှပ်ထားတဲ့ ခြောက်သွေ့နေတဲ့ ပန်းပွင့်လေး၊ အဲဒီပန်းပွင့်လေးဟာ အချိန်တွေ ဘယ်လောက်ပဲ ကုန်လွန်ပါစေ ကိုယ့်နှလုံးသားထဲမှာတော့ ညှိုးနွမ်းမသွားမယ့် ဖန်သားရောင်ကြွေပန်းလေးအဖြစ်။
The love we co-created is like a dried flower pressed between the pages of an ancient book; no matter how epochs fade, it remains a translucent porcelain blossom within my chest—refusing to wither, forever frozen.
ကိုယ်တို့ရဲ့ လျှို့ဝှက်ကမ္ဘာပျက်ကြီးထဲက အိပ်မက်ဆန်မှုဟာ မင်းရဲ့သူစိမ်းဆန်တဲ့မျက်ဝန်း အကြည့်တွေအောက်က ညဦးယံရဲ့ အပြာရောင် ပင်လယ်ပြင်ကြီးလို ကိုယ်ခံစားမိသည့်အထိ ထာဝရ အထီးကျန်ခြင်းအဖြစ်... တိတ်ဆိတ်ခြင်းတွေထဲမှာ သက်ဝင်လျက်ရှိနေခဲ့ပြီ။
Within the surrealism of our ruined, secret world, your stranger-like gaze is the vast blue ocean of the dusk—an eternal loneliness I feel so deeply, pulsing with life amidst the absolute silence.
နာရီလက်တံတွေ လိပ်ပြာဖြစ်သွားတဲ့ ကမ္ဘာမှာ... ကိုယ်ကတော့ ဒီအိပ်မက်ဆိုးကြီးထဲကနေ ဘယ်တော့မှ နိုးထခွင့်ရတော့မှာ မဟုတ်။ အသက်ပြန်သွင်းပေးမယ့် စကြဝဠာကြီးတစ်ခုလုံး သဲပွင့်တွေလို ကြေမွပျောက်ကွယ်သွားပါစေ... အချိန်တွေ စီးဆင်းနေသ၍ ကိုယ်တို့ဝေးကွာမှုဟာ အဆုံးမဲ့ပါပဲ အချစ်ရေ....
In this world where clock hands have turned into butterflies... I will never be allowed to wake from this beautiful nightmare. Let the entire universe—the one that could breathe life back into us—shatter and scatter like grains of sand... as long as time flows, our separation is infinite, my love.
#Surrealism #PoeticJustic #Dreamscape #ArtisticVibes
#LovePoems #AestheticWriting #DigitalJournal

Comments
Post a Comment