အထီးကျန်ခြင်းရဲ့ အနက်ရှိုင်းဆုံး နာကျင်မှုကို Wilson နဲ့အတူ ခံစားခြင်း - Cast Away Movie Review
Cast Away Movie Review by Ellebert
လူတစ်ယောက်ဟာ အရာရာပြည့်စုံနေတဲ့ ဘဝကနေ၊ ဘာမှမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ တစ်ယောက်တည်း သောင်တင်သွားခဲ့ရင် ဘာကို အလိုအပ်ဆုံးဖြစ်မယ် ထင်ပါသလဲ? အစားအစာလား၊ သောက်ရေလား... ဒါမှမဟုတ် ရင်ဖွင့်စရာ 'စကားပြောဖော်' တစ်ယောက်ယောက်လား။
If a person were to go from a life of abundance to being stranded alone on a deserted island, what do you think they would need most? Food? Water? Or perhaps, a 'companion' to share their thoughts with?
ဒီနေ့မှာ အယ်လီ မိတ်ဆက်ပေးချင်တာကတော့ မင်းသားကြီး Tom Hanks သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Robert Zemeckis ရိုက်ကူးထားတဲ့ ဂန္ထဝင်ဇာတ်ကားကြီး 'Cast Away' ပဲ ဖြစ်ပါတယ်။
Today, I would like to introduce you to the cinematic masterpiece 'Cast Away,' starring Tom Hanks and directed by Robert Zemeckis.
ဒီဇာတ်ကားဟာ 'Forrest Gump' ရဲ့ ဒါရိုက်တာ Robert နဲ့ Tom Hanks တို့ရဲ့ ထပ်မံတွဲဖက်မှုကိုမြင်ရမှာဖြစ်ပြီး သူတို့ရဲ့ အတွဲညီမှုကို သက်သေပြခဲ့တဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ဒါရိုက်တာရဲ့ ပြောင်မြောက်တဲ့ လက်ရာကြောင့်ပဲ မင်းသားကြီး Tom Hanks ဟာ Golden Globe Awards ဖြစ်တဲ့ အကောင်းဆုံး မင်းသားဆုကို ဆွတ်ခူးနိုင်ခဲ့သလို၊ ဇာတ်ကားဟာလည်း အကောင်းဆုံး ဒရာမာရုပ်ရှင်အဖြစ် အမည်စာရင်း တင်သွင်းခြင်းခံခဲ့ရပါတယ်။
This film marks another collaboration between Director Robert Zemeckis and Tom Hanks, further cementing their legendary partnership since 'Forrest Gump.' Thanks to Zemeckis’s masterful direction, Tom Hanks won the Golden Globe for Best Actor, and the film itself earned a nomination for Best Motion Picture – Drama.
တစ်ခါတလေမှာ နာကျင်မှုကို ပုံဖော်ဖို့ စကားလုံးတွေ အများကြီး မလိုပါဘူး။ 'ဝေးကွာခြင်း' ဆိုတဲ့ ဒဏ်ရာဟာ သက်ရှိတွေအကြားမှာတင် ရှိတာမဟုတ်ဘဲ၊ သက်မဲ့အရာတစ်ခုအပေါ်မှာပါ သံယောဇဉ်တွယ်ပြီး ခံစားတတ်သွားတဲ့အခါ... လူတွေဟာ အကြွင်းမဲ့ အထီးကျန်မှုကို အသက်ရှူရပ်သွားတဲ့အထိတောင် ရင်ဆိုင်သွားရနိုင်ပါတယ်။
Sometimes, expressing pain doesn't require many words. The ache of 'separation' isn't confined to living beings; when we form an emotional bond with an inanimate object, the resulting loneliness can be so profound it feels as though it might take our very breath away.
ဒီဇာတ်ကားမှာ မင်းသားကြီး Tom Hanks တဖြစ်လည်း Chuck Noland ဟာ အချိန်ကို စက္ကန့်မလပ် တွက်ချက်တတ်ပြီး FedEx ဆိုတဲ့ Company မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတစ်ဦးပါ။ ခရစ်စမတ်နေ့မှာ ချစ်သူနဲ့ တွေ့ဆုံဖို့ရှိပေမဲ့ အရေးပေါ် အလုပ်ကိစ္စကြောင့် ခရီးထွက်ခဲ့ရာမှ မမျှော်လင့်ဘဲ လေယာဉ်ပျက်ကျပြီး ပစိဖိတ်သမုဒ္ဒရာထဲက လူသူမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ တစ်ယောက်တည်း သောင်တင်သွားခဲ့ပါတယ်။
In this movie, Tom Hanks portrays Chuck Noland, a FedEx executive whose life is governed by the clock. While traveling on an urgent assignment on Christmas, his plane crashes, leaving him stranded alone on a deserted island in the middle of the Pacific Ocean.
နာရီတွေ၊ ဖုန်းတွေနဲ့ လူသားတွေမရှိတော့တဲ့ အဲဒီကျွန်းပေါ်မှာ သူနဲ့အတူ ကျန်ရစ်ခဲ့တာကတော့ သူကိုယ်တိုင် ပို့ဆောင်ရမယ့် FedEx ပါဆယ်ထုပ်လေး အနည်းငယ်ပါပဲ။ အဲဒီပါဆယ်ထုပ်တွေထဲက ပါလာတဲ့ Volleyball ဘောလုံးလေးတစ်လုံးဟာ နောင်တစ်ချိန်မှာတော့ Chuck အတွက် အထီးကျန်ခြင်းတွေကို ဝေမျှမယ့် 'Wilson' ဆိုတဲ့ တစ်ဦးတည်းသော သူငယ်ချင်း ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက တွေးမိပါမလဲ?
In a world devoid of clocks, phones, and human contact, his only possessions are a few FedEx packages. Who could have imagined that a simple volleyball found in one of those packages would eventually become 'Wilson'—the only friend to share Chuck's profound isolation?
ထင်မှတ်မထားဘဲ ကျွန်းပေါ်မှာ ၄ နှစ်ကြာအောင် ရှင်သန်ခဲ့ရတဲ့ Chuck အတွက် Wilson ဟာ ဘောလုံးတစ်လုံးထက် သက်ရှိအဖော်မွန်တစ်ယောက် ပိုဖြစ်ခဲ့တာပါ။ ဒီနေရာမှာ အယ်လီပြောပြချင်တာ လူဆိုတာ တစ်ယောက်တည်း မနေနိုင်တဲ့ သတ္တဝါတွေမို့ အမြဲတမ်း တစ်ယောက်ယောက်တော့ လိုအပ်နေတယ်ဆိုတာပါပဲ။ မဖြစ်မနေ ရှင်သန်ဖို့အတွက် အခွင့်အရေးအဖြစ် မျောပါလာတဲ့ အပျက်အစီးတစ်ခုကို ရွက်တိုင်လုပ်ပြီး သူဟာ ပင်လယ်ပြင်ထဲကို စွန့်စားထွက်ခွာခဲ့ပါတယ်။
After four years of unexpected survival, Wilson became more than just a ball to Chuck; he was a living companion. This highlights the truth that humans are social creatures who constantly crave connection. Driven by the will to survive, Chuck converts a piece of washed-up debris into a sail and ventures out into the perilous ocean.
ဒီလို ထွက်ခွာလာရင်းကမှ ပြင်းထန်တဲ့ မုန်တိုင်းတစ်ခုနဲ့ ကြုံတွေ့ရချိန်မှာတော့ သူ့ရဲ့ တစ်ဦးတည်းသော အဖော်မွန် Wilson လေးဟာ ပင်လယ်လှိုင်းတွေကြားထဲ မျောပါသွားခဲ့ရပါတယ်။ Chuck တစ်ယောက် အသက်ကိုရင်းပြီး လှေဖောင်ပေါ်ကနေ ဆင်းကယ်ခဲ့ပေမဲ့ အလှမ်းဝေးသွားတဲ့ Wilson နဲ့ ကိုယ့်ရဲ့ 'ရှင်သန်မှု' ကြားမှာ တစ်ခုကို ရွေးချယ်ရတော့မယ့် အခြေအနေ...။
During his journey, he encounters a violent storm, causing his sole companion, Wilson, to drift away into the waves. Chuck risks his life, diving from his raft to save him, but he eventually faces a heartbreaking choice between his own survival and his only friend.
စာဖတ်သူဆိုရင်ရော ဘယ်အရာကို ရွေးမယ် ထင်မိသလဲ? မိမိကိုယ်ကိုယ်လား... ဒါမှမဟုတ် ကိုယ့်ရဲ့ အဖော်မွန်လား? ဒီနေရာမှာ Wilson ဟာ သက်မဲ့ဘောလုံးလေး တစ်လုံး ဖြစ်နေခဲ့ပေမဲ့ Chuck ရဲ့ 'I'm sorry, Wilson!' လို့ အားကိုးရာမဲ့စွာ အော်ဟစ်ငိုကြွေးသံဟာ ချစ်ရတဲ့ သက်ရှိတစ်ယောက်ကို ဆုံးရှုံးရတာထက်တောင် ပိုပြီး ရင်နင့်ဖို့ ကောင်းနေခဲ့ပါတယ်။ ဒီဇာတ်ဝင်ခန်းတစ်ခုတည်းနဲ့တင် ဒီဇာတ်ကားဟာ အကောင်းဆုံး ဒရာမာဆုနဲ့ ထိုက်တန်ခဲ့တာပါ။
If you were in his shoes, which would you choose? Your own life or your companion? Though Wilson was just an inanimate volleyball, Chuck’s desperate cry of "I’m sorry, Wilson!" was more agonizing than losing a living being. This single scene alone makes the film worthy of its critical acclaim as a masterpiece of drama.
နောက်ဆုံးမှာ Chuck ဟာ လူတွေရှိတဲ့ မြို့ပြဆီကို ပြန်ရောက်ခဲ့ပေမဲ့ အရာရာကတော့ သူထွက်သွားခဲ့တုန်းကလို မဟုတ်တော့ပါဘူး။ အများကြီး spoil သလိုဖြစ်သွားမှာစိုးတာကြောင့် ဇာတ်ကားလေးကို အဆုံးသတ်ရရင် ဘဝဟာ 'Tomorrow the sun will rise. Who knows what the tide could bring?' ဆိုတဲ့ စကားအတိုင်းပဲ ဘယ်လောက်ဆိုးရွားတဲ့ အခြေအနေမှာဖြစ်ဖြစ် ရှင်သန်ဖို့ ကြိုးစားနေသရွေ့ မျှော်လင့်ချက်ဆိုတာ ရှိနေဦးမယ်ဆိုတာကို အကောင်းဆုံးပုံဖော်ပေးခဲ့တာပါ။
Ultimately, Chuck makes his way back to civilization, yet he finds that nothing is quite as he left it. To avoid revealing too many spoilers, I'll conclude by saying the film beautifully captures the essence of life through the message: 'Tomorrow the sun will rise. Who knows what the tide could bring?' It serves as a powerful reminder that no matter how dire the circumstances, as long as we keep striving to survive, hope will always remain.
ဘဝမှာ စိတ်ဓာတ်ကျပြီး အထီးကျန်တယ်လို့ ခံစားရတဲ့အခါတိုင်း ခွန်အားရဖို့အတွက် ဒီဇာတ်ကားလေးကို ကြည့်ရှုဖို့ စာဖတ်သူတို့ကို အယ်လီကတော့ အကြံပြုချင်ပါတယ် ရှင့်။
Whenever you feel discouraged or lonely, I highly recommend watching this film to find the strength to keep going.
#MovieReview #Cast Away #TomHanks #Wilson #EllebertReviews #SurvivalStory #Hope #ClassicCinema #MyanmarMovieReview #ရှင်သန်ခြင်း #ရုပ်ရှင်အညွှန်း


Comments
Post a Comment