Yanmar EF Series ရဲ့ Filter များ အကြောင်း သိကောင်းစရာ
Ensuring Equipment Longevity: A Guide to Yanmar EF Series Filters
စက်ပစ္စည်းတွေ သက်တမ်းရှည်ဖို့ဆိုရင်
ကျွန်တော်တို့ အလုပ်ခွင်မှာဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာဖြစ်ဖြစ် စက်ပစ္စည်းတွေရဲ့ စွမ်းဆောင်ရည် Performance ကျမသွားဖို့က အရေးကြီးဆုံးပါ။ အထူးသဖြင့် Yanmar EF series လို အကြမ်းခံစက်တွေကို သုံးနေတယ်ဆိုရင် ပုံမှန်ပြုပြင်ထိန်းသိမ်းမှု Maintenance က မဖြစ်မနေ လိုအပ်ပါတယ်။
Maintaining peak performance is crucial in any workspace. For robust machinery like the Yanmar EF series, regular maintenance is essential to ensure operational efficiency and longevity.
ဒီနေ့မှာတော့ စက်တစ်စီးလုံးရဲ့ အသက်သွေးကြောလို့ ပြောလို့ရတဲ့ Filters (စစ်ထုတ်ကိရိယာ) တွေအကြောင်း မျှဝေပေးချင်ပါတယ်။ ရှေ့တစ်ခါမှာတော့ ကျွန်မ (အယ်လီ) က EF series တွေထဲကမှ အပိုပစ္စည်း လမ်းညွှန်ကို ရေးခဲ့တာဖြစ်လို့ ဒီတခါလည်း အယ်လီနဲ့အတူ ထပ်မံလေ့လာဖို့ ဖိတ်ခေါ်ချင်ပါတယ် ရှင့်။
Today, I want to discuss the "lifeblood" of your machinery: the Filters. Following my previous guide on EF series spare parts, I (Aly) invite you to join me as we explore proper filter care.
Yanmar EF series မှာ အဓိကအားဖြင့် Filter ဟာ အမျိုးအစား အားဖြင့် (၃) မျိုးရှိပါတယ်။ စက်ပြင်သူတိုင်း သို့မဟုတ် စက်ကို ကြာရှည်ခံအောင်ထိန်းသိမ်းကြသူတိုင်းအတွက် Filter ရဲ့ အလုပ်လုပ်ပုံကို ကောင်းကောင်းသိကြပါတယ်။
There are three primary types of filters in the Yanmar EF series. Understanding how these filters function is vital for mechanics and anyone dedicated to long-term equipment maintenance.
၁။ (အင်ဂျင်ဝိုင်စစ်)
ပထမဆုံး ပြောပြချင်တာက Engine Oil Filter လို့ သိကြတဲ့ (အင်ဂျင်ဝိုင်စစ်) ပါ။ သူရဲ့ အလုပ်လုပ်ပုံက အင်ဂျင်အတွင်းပိုင်းက ပွတ်တိုက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အမှုန်အမွှားတွေကို စစ်ထုတ်ပေးတာပါ။ ဒါကို ပုံမှန်မလဲပေးရင် အင်ဂျင်သက်တမ်း တိုသွားနိုင်ပါတယ်။
1. Engine Oil Filter
First is the Engine Oil Filter. Its primary role is to strain out metal particles and debris caused by internal engine friction. Neglecting regular replacement can significantly reduce the engine's lifespan.
သူ့ကို ဘယ်အချိန်မှာ စတင်လဲပေးရမလဲ ဆိုရင် စက်အသစ် (သို့မဟုတ်) အင်ဂျင် Overhaul လုပ်ပြီးစ စက်တွေရဲ့ ပထမဆုံး နာရီ ၅၀ (50 Hours) အသုံးပြုပြီးချိန်မှာ အင်ဂျင်ဝိုင်ရော၊ Filter ပါ ချက်ချင်းလဲပေးရပါမယ်။ 'အင်ဂျင်ဝိုင်က အသစ်၊ Filter က အဟောင်း' ဆိုရင် Filter ထဲမှာ ကျန်နေတဲ့ ဆီဟောင်းနဲ့ အညစ်အကြေးတွေက ဆီအသစ်ကို ချက်ချင်းပြန်ညစ်ပတ်သွားစေလို့ နှစ်ခုလုံး လဲပေးတာက စက်အတွက် ပိုကောင်းပြီး ကြာရှည်ခံစေပါတယ်။
For new or overhauled engines, the oil and filter must be replaced after the first 50 hours of operation. Using a new oil with an old filter is counterproductive, as residual sludge will immediately contaminate the fresh oil. Replacing both ensures optimal engine protection.
၂။ ဆီစစ်
ဒုတိယတခုကတော့ Fuel Filter ဖြစ်တဲ့ (ဆီစစ်) ပါ။ ဆီစစ်က ဒီဇယ်ဆီထဲမှာ ပါလာနိုင်တဲ့ အနည်အနှစ်နဲ့ ရေငွေ့တွေကို စစ်ထုတ်ပေးတာပါ။ ဒါကြောင့် Yanmar စက်တွေမှာ ရေစစ်ခွက် (Water Separator) ကိုလည်း နေ့စဉ် စစ်ဆေးဖို့ မမေ့ပါနဲ့။ ဆီစစ်မကောင်းရင် အင်ဂျင်သံမမှန်တာ၊ စက်နှိုးရခက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
2. Fuel Filter
Second is the Fuel Filter, which strains out sediment and moisture from diesel fuel. For Yanmar equipment, it is also crucial to inspect the Water Separator daily. A faulty fuel filter can lead to uneven engine sounds and starting difficulties.
ဆီစစ်ကို ပုံမှန် အသုံးပြုချိန် နာရီ ၅၀၀ (500 Hours) တိုင်းမှာ တစ်ကြိမ် လဲလှယ်ပေးရပါမယ်။ ဒီနေရာမှာ တစ်ခု သတိထားရမှာက အင်ဂျင်ဝိုင်စစ်က နာရီ ၂၅၀ ဆိုတော့ ဆီစစ်က အင်ဂျင်ဝိုင် (၂) ကြိမ်လဲမှ တစ်ကြိမ် လဲရမယ့် သဘောပါ။ ဒါပေမဲ့ လက်တွေ့လုပ်ငန်းခွင်မှာတော့ ဆီမသန့်တာမျိုး ကြုံရနိုင်တဲ့အတွက် နာရီ ၂၅၀ ကနေ ၃၀၀ ကြားမှာတင် အင်ဂျင်ဝိုင်နဲ့အတူ တစ်ခါတည်း လဲလိုက်တာက အင်ဂျင်အတွက် စိတ်အချရဆုံးပါပဲ။
While the standard replacement is every 500 hours, a more practical approach is recommended for field operations. Since fuel quality can vary, we advise replacing the fuel filter every 250 to 300 hours along with the oil change for maximum reliability.
၃။ လေစစ်
နောက်ဆုံးတစ်ခုကတော့ Air Filter (လေစစ်) ပဲဖြစ်ပြီး သူ့အလုပ်လုပ်ပုံက အင်ဂျင်ထဲကို သန့်ရှင်းတဲ့ လေတွေပဲ ရောက်ရှိဖို့ အတွက် တာဝန်ယူရပါတယ်။ ဖုန်မှုန်တွေ အင်ဂျင်ထဲမရောက်အောင် တားဆီးပေးတဲ့ အဓိက အကာအကွယ်တစ်ခုလည်း ဖြစ်တယ်။
3. Air Filter
Finally, the Air Filter ensures that only clean air reaches the engine, acting as the primary defense against dust and airborne debris.
လေစစ်ကို ပုံမှန်အားဖြင့်တော့ အသုံးပြုချိန် နာရီ ၅၀ (သို့မဟုတ်) ၁ ပတ်တစ်ကြိမ် အကြာမှာ လေစစ်ကို ထုတ်ပြီး လေမှုတ်စက် (Air Compressor) နဲ့ ဖုန်ခါပေးရပါမယ်။ ဖုန်ထူတဲ့နေရာဆိုရင် နေ့တိုင်းလုပ်ပေးဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် သူ့ကိုက နာရီ ၁,၀၀၀ (1,000 Hours) (သို့မဟုတ်) ၁ နှစ်တစ်ကြိမ် လဲလှယ်ပေးဖို့ လိုပါတယ်။
Maintenance involves using an air compressor to clean the filter every 50 hours (or weekly), or even daily in dusty conditions. Typically, a complete replacement is required every 1,000 hours (or annually).
ဒီနေရာမှာ လေစစ်ကို သတိထားဖို့က (၆) ကြိမ်လောက် လေမှုတ်သန့်ရှင်းရေးလုပ်တာတောင် ဖုန်တွေ မစင်တော့ဘူးဆိုရင် အသစ်လဲဖို့ လိုအပ်နေပြီဆိုတာ သိဖို့ပါပဲ။ Yanmar EF Series တွေမှာ များသောအားဖြင့် လေစစ်က Outer Element (အပြင်လွှာ) နဲ့ Inner Element (အတွင်းလွှာ) ဆိုပြီး နှစ်ထပ်ပါတတ်ပါတယ်။ အပြင်လွှာကို ပုံမှန်လဲပေးရပြီး အတွင်းလွှာကိုတော့ ပိုကြာကြာ သုံးနိုင်ပါတယ်။
It is important to note that if a filter remains dirty even after six cleanings, it must be replaced. The Yanmar EF Series often uses a dual-element system; while the outer element requires frequent attention, the inner element has a longer service life.
⚠️ အထူးသတိပြုရန်
လေစစ်ကို လေမှုတ်ပြီး သန့်ရှင်းရေးလုပ်တဲ့အခါ အတွင်းဘက်ကနေ အပြင်ဘက်ကို လေမှုတ်ထုတ်ရမှာပါ။ အပြင်ကနေ အတွင်းကို မှုတ်မိရင် ဖုန်တွေက လေစစ်ရဲ့ အသားထဲကို ပိုတိုးဝင်သွားပြီး ပိုပိတ်သွားတတ်သလို ရေနဲ့ဆေးတာမျိုး လုံးဝ (လုံးဝ) မလုပ်ဖို့ အထူးသတိထားဖို့ လိုအပ်ပါတယ်။
Special Precaution :
When cleaning, always blow compressed air from the inside out. Blowing from the outside-in pushes dust deeper into the fibers, causing permanent clogs. Most importantly, never wash the air filter with water.
အချုပ်အားဖြင့်ပြောရရင် ပျက်မှပြင်တာထက် မပျက်ခင် ကြိုတင်ကာကွယ်တာက အကုန်အကျရော၊ အချိန်ရော ပိုသက်သာစေပါတယ်။ ဒီနေ့ မျှဝေပေးလိုက်တဲ့ Filter (၃) မျိုးအကြောင်းက လူကြီးမင်းတို့ရဲ့ စက်နဲ့ပတ်သတ်ပြီး လုပ်ငန်းခွင်ရဲ့ တစ်ထောင့်တစ်နေရာမှာ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။ နောက်အပတ်တွေမှာလည်း စက်ပစ္စည်းတွေနဲ့ ပတ်သက်တဲ့ တခြားဗဟုသုတတွေကို ဆက်လက်မျှဝေပေးသွားမှာမို့လို့ စောင့်မျှော်ဖတ်ရှုပေးပါဦးရှင့်။
In summary, proactive maintenance is always more cost-effective than reactive repairs. I hope this guide on these three essential filters benefits your operations. Stay tuned for more technical insights and maintenance tips in the coming weeks!
#YanmarMyanmar #YanmarTractor #YanmarEFseries #EFseries
#engineoilfilter #fuelfilter #airfilter #စက်ပစ္စည်းထိန်းသိမ်းနည်း


Comments
Post a Comment