Posts

၁၃၊ ၅ နှင့် မပြီးဆုံးသေးသော ပန်းချီကားတစ်ချပ်

Image
နွေဦးရဲ့ အကြွင်းအကျန် အပူရှိန်နဲ့ မိုးဦးလေဦးရဲ့ စိုစွတ်မှုတို့ ဆုံစည်းရာ "မေလ"။ "May"—the month where the lingering heat of spring meets the damp embrace of the early monsoon. ယနေ့ မေလ ၁၃ ရက်နေ့မှာ သူမဟာ မိုးဦးရဲ့ အရိပ်အငွေ့ကို ရင်ထဲမှာ မသိမသာ ခံစားနေမိတယ်။ လွန်ခဲ့တဲ့ တစ်နှစ်က ဒီလိုမိုးရွာထဲမှာပဲ သူမဟာ စိတ်လှုပ်ရှားစွာနဲ့ ခရီးနှင်ခဲ့ဖူးတာပေါ့။ မိုင်ထောင်ချီဝေးတဲ့ တစ်နေရာမှာ တစ်စုံတစ်ယောက်က သူမကို စောင့်မျှော်နေခဲ့ဖူးလေရဲ့။   On this 13th of May, she subtly feels the traces of the early rains within her heart. A year ago, amidst such rain, she had embarked on a journey filled with excitement. In a place thousands of miles away, someone had been waiting for her. ရာသီဥတုရဲ့ အေးစက်မှုကို သူမ ကြောက်တတ်ပေမယ့်၊ ဝေးကွာလွန်းတဲ့ ခရီးလမ်းနဲ့ ပထမဆုံးတွေ့ဆုံမှုအတွက်တော့ သူရော သူမပါ စိတ်စောနေခဲ့ကြပါတယ်။ ရှုပ်ထွေးလှတဲ့ လူထုထပ်မှုတွေ၊ ကားထွက်ချိန်ကစလို့ ရွာသွန်းနေတဲ့ မိုးရေတွေနဲ့ လမ်းခရီးမှာ ကားပျက်တာကိုတောင် သူမ တည်ငြိမ်စွာ ရင်ဆိုင်နိုင်ခဲ့တာဟာ သူ့ဆီကို ရောက်ချင်လွန်းတဲ့ စိတ်ကြောင...

လှပသော ဒဏ်ရာ - The Beautiful Scar

Image
Creative Fiction storytelling by Ellebert. မြို့ပြရဲ့ မီးခိုးငွေ့တွေနဲ့ ရောပြွမ်းနေတဲ့ မိုးကုတ်စက်ဝိုင်းကို "သူမ" ငေးကြည့်နေခဲ့တာ ကြာပြီ။ သူမဟာ ကောင်းကင်ပြာကြီးကို ချစ်တယ်။ ဒါပေမဲ့ သူမရဲ့ ကမ္ဘာကတော့ ဒီအိမ်ကြီးရဲ့ ဧည့်ခန်းကျယ်ထဲမှာပဲ ရပ်တန့်နေခဲ့တယ်။   She had been staring at the horizon, where the city’s smog blurred into the distance, for a long time. She loved the vast, blue sky. Yet, her world remained frozen within the confines of this mansion’s grand living room. သူမရဲ့ နာမည်က "ရှယ်လီ"။   Her name was "Shelly." ရှယ်လီဟာ မြင်သူတိုင်း ငေးလောက်အောင် လှပကျော့ရှင်းတဲ့ ခိုဖြူမလေးတစ်ကောင်ပါ။ သူမရဲ့ အမွှေးအတောင်တွေက နှင်းပွင့်တွေလို ဖြူစင်နေပြီး၊ လည်ပင်းက တောက်ပြောင်တဲ့ အမွှေးနုလေးတွေကတော့ ခရမ်းရောင်သန်းတဲ့ မြစိမ်းရောင်လို တစ်လက်လက် ထနေတတ်တယ်။ သူမရဲ့ လှပမှုကြောင့်ပဲ အိမ်ရှင်က သူမကို တယုတယ မွေးထားခဲ့တာပေါ့။   Shelly was a snow-white pigeon, possessing an elegance that captivated everyone who laid eyes on her. Her feathers were as pure as snowflakes, and the ir...

အထီးကျန်ခြင်းရဲ့ အနက်ရှိုင်းဆုံး နာကျင်မှုကို Wilson နဲ့အတူ ခံစားခြင်း - Cast Away Movie Review

Image
Cast Away Movie Review by Ellebert လူတစ်ယောက်ဟာ အရာရာပြည့်စုံနေတဲ့ ဘဝကနေ၊ ဘာမှမရှိတဲ့ ကျွန်းတစ်ကျွန်းပေါ်မှာ တစ်ယောက်တည်း သောင်တင်သွားခဲ့ရင် ဘာကို အလိုအပ်ဆုံးဖြစ်မယ် ထင်ပါသလဲ? အစားအစာလား၊ သောက်ရေလား... ဒါမှမဟုတ် ရင်ဖွင့်စရာ 'စကားပြောဖော်' တစ်ယောက်ယောက်လား။  If a person were to go from a life of abundance to being stranded alone on a deserted island, what do you think they would need most? Food? Water? Or perhaps, a 'companion' to share their thoughts with? ဒီနေ့မှာ အယ်လီ မိတ်ဆက်ပေးချင်တာကတော့ မင်းသားကြီး Tom Hanks သရုပ်ဆောင်ထားပြီး ဒါရိုက်တာ Robert Zemeckis ရိုက်ကူးထားတဲ့ ဂန္ထဝင်ဇာတ်ကားကြီး 'Cast Away' ပဲ ဖြစ်ပါတယ်။ Today, I would like to introduce you to the cinematic masterpiece 'Cast Away,' starring Tom Hanks and directed by Robert Zemeckis . ဒီဇာတ်ကားဟာ 'Forrest Gump' ရဲ့ ဒါရိုက်တာ Robert နဲ့ Tom Hanks တို့ရဲ့ ထပ်မံတွဲဖက်မှုကိုမြင်ရမှာဖြစ်ပြီး သူတို့ရဲ့ အတွဲညီမှုကို သက်သေပြခဲ့တဲ့ ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး။ ဒါရိုက်တာရဲ့ ပြောင်မြေ...

ဘဝကို အဝေးကနေ ပြန်ကြည့်တဲ့အခါ - Close-up Vs Long-shot

Image
Mel Brooks & Charlie Chaplin’s Perspective by Ellebert ဒီတစ်ပတ်မှာတော့ အယ်လီ ရွေးချယ်ထားတဲ့ မှတ်သားစရာ စကားစုလေးတစ်ခုကို မျှဝေပေးချင်ပါတယ်။ အပတ်စဉ်တိုင်းမှာ နယ်ပယ်အသီးသီးက ထင်ပေါ်ကျော်ကြားသူတွေရဲ့ ဘဝဒဿနတွေကို အယ်လီတို့ရဲ့ နေ့စဉ်ဘဝ အတွေးအမြင်တွေနဲ့ ယှဉ်ပြီး ဖတ်ရှုကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင့်။  This week, I would like to share a thought-provoking quote that resonated with me. Every week, I invite you to explore the life philosophies of renowned figures from various fields, reflected through the lens of our daily experiences. ဘဝရဲ့ တချို့နေ့ရက်တွေဟာ တကယ်ကို နေရခက်တတ်ပါတယ်။ တစ်ကမ္ဘာလုံး မှောင်အတိကျသွားပြီး အဆိုးဆုံးသော ကံကြမ္မာတွေကို တစ်ယောက်တည်း ရင်ဆိုင်နေရသလို ခံစားချက်မျိုး လူတိုင်းမှာ ရှိဖူးကြမှာပါ။ ဒီလို အထီးကျန်မှု၊ စိတ်ဓာတ်ကျမှုနဲ့ ဖိအားတွေကြားထဲ ရောက်နေတဲ့အချိန်မှာ ဘဝအတွက် အားဆေးဖြစ်စေမယ့် စာသားလေးတွေကို ဖတ်ရှုပေးဖို့ တကယ်ကို လိုအပ်တယ်လို့ အယ်လီ မြင်ပါတယ်။  There are days in life that are genuinely difficult to navigate. We all have moments where the world feels d...

စာဖတ်ခြင်းမှပေးတဲ့ ဘဝလက်ဆောင်

Image
ဒီတပတ် စနေ့နေ့လေးမှာတော့ စာဖတ်ခြင်းကရတဲ့ အတွေးအကြံ၊ ဘဝရင့်ကျက်မှုအပေါ် အခြေခံပြီး စာဖတ်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးခြင်းတွေကို မျှဝေပေးချင်ပါတယ်။  This Saturday, I would like to share the insights gained from reading, and the pros and cons of reading based on life maturity. အယ်လီ ၅ တန်းအရွယ်လောက်ကတည်းက အမေက ဆရာကောင်းသန့်ရဲ့ "သမီးလေးဖတ်ဖို့" စာအုပ်တွေကို အတွဲလိုက်ဝယ်ပေးပြီး စာဖတ်တဲ့အလေ့အထကို ပျိုးထောင်ပေးခဲ့ပါတယ်။ ဆရာ့ရဲ့ စာတွေက ငယ်ရွယ်တဲ့ကလေးတွေကို ရည်ရွယ်တာဖြစ်တဲ့အတွက် ပညာပေးရသကို ပေးစွမ်းနိုင်သလို ၁၀ တန်းပြီးလို့ Computer သင်တန်းတက်ပြီး အိမ်မှာပဲ အချိန်ကုန်နေရတဲ့ ကာလမှာတော့ ဘယ်​ကရောက်လာမှန်းမသိတဲ့ ဆရာဖေမြင့်ရဲ့ ဘာသာပြန်စာအုပ်တွေကို ဖတ်ရှုရဖူးတယ်။  Ever since I was about in the 5th grade, my mother bought the "For My Daughter" book series by Sayar Kaung Thant in sets, nurturing my reading habit. Since his writings were intended for young children, they provided educational aesthetics. After finishing the 10th grade, during the period when I was attending a computer...

TGIF နှင့် မတူကွဲပြားတဲ့ Lifestyle (၄) မျိုး

Image
"Thank God It's Friday!"  ဆိုတဲ့အတိုင်း သောကြာညတော့ ရောက်ရှိလာခဲ့ပါပြီ။ တစ်ပတ်တာအတွင်း ပင်ပင်ပန်းပန်း အလုပ်လုပ်နေသူတွေ၊ ကျောင်းတက်နေသူတွေအတွက်တော့ C hill လို့ ကောင်းတဲ့နေ့တစ်ရက်ဆိုတာ ဒီဘက် ၂၀ ရာစု နှောင်းပိုင်းမှာ  Hit ဖြစ်နေတာမျိုးပါ။  "Thank God It’s Friday!" Just as the saying goes, Friday night has finally arrived. For those who have been working or studying hard throughout the week, it’s a day to chill and unwind—a trend that has been a significant part of modern culture since the late 20th century. ဒီဘက်ခေတ်ရဲ့ ... လူအများစုက ဒီလို အဖိုးတန်တဲ့ Friday Night မှာ ဘာတွေ လုပ်တတ်ကြသလဲ? လူနေမှုပုံစံအပေါ်မူတည်ပြီး ကွဲပြားခြားနားမှုလေးတွေကို အယ်လီက ပြောပြပေးချင်ပါတယ်။ How do most people spend this precious Friday night in this modern era? I’d like to share the different ways people spend their time based on their unique lifestyles. ၁။ အပေါင်းအသင်းတွေနဲ့အတူ ပျော်ပါးခြင်း  ပထမဆုံး တစ်မျိုးကတော့ Social Butterflies လို့ အများက သိကြတဲ့ အသောက်တလိုင်း နဲ့ အစားတလိုင်း သ...

လမ်းခွဲတွေကို ကိုယ်မကြောက်ဘူး နှင့် မိမိကိုယ်ကိုယ် ပြန်လည်ရှာဖွေခြင်း

Image
ဒီနေ့မှာတော့ အယ်လီက လမ်းခွဲခြင်းနဲ့ပတ်သ​တ်တဲ့အတွေးအမြင်လေးကို ဝေမျှပေးသွားမှာမို့ အဆုံးထိ အယ်လီနဲ့အတူ ဖတ်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။  "Today, I’m sharing some of my thoughts on the art of letting go. I’d love for you to join me and read through to the end. လမ်းခွဲခြင်းဆိုတာ အဆုံးသတ်တစ်ခုမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေတွေ့ရှိခြင်းရဲ့ အစပျိုးမှုတစ်ခု ဖြစ်နိုင်ပါတယ်။ A breakup is not necessarily an end; rather, it can be the powerful beginning of rediscovering yourself. ​လူတော်တော်များများက "လမ်းခွဲခြင်း" ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ နာကျင်မှု၊ ဆုံးရှုံးမှုနဲ့ အထီးကျန်မှုတွေကိုပဲ အရင်ဆုံး ပြေးမြင်တတ်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတရံမှာ လမ်းခွဲလိုက်ခြင်းဟာ ပိုကောင်းတဲ့၊ ပိုကိုက်ညီတဲ့ အရာတွေ ဘဝထဲဝင်လာဖို့အတွက် နေရာလွတ်တစ်ခု ဖန်တီးပေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ For many, the word "breakup" immediately evokes feelings of pain, loss, and loneliness. However, letting go sometimes serves a greater purpose—it creates the necessary space for better and more aligned...