တိတ်ဆိတ်မှုထဲက Flow State နှင့် အာရုံစူးစိုက်မှု အကြောင်း - The Power of Flow State and Focus
ပြီးခဲ့တဲ့ အပတ်တွေမှာ အယ်လီက အချစ်အကြောင်းနဲ့ စာဖတ်ခြင်းကပေးတဲ့ ဘဝလက်ဆောင်တွေအကြောင်း မျှဝေခဲ့ပါတယ်။ ဒီနေ့ စနေနေ့မှာတော့ အဲ့ဒီအရာတွေအားလုံးရဲ့ အခြေခံအကျဆုံးဖြစ်တဲ့ "အာရုံစိုက်မှု (Focus)" အကြောင်းလေး ပြောပြချင်ပါတယ်။ In recent weeks, I have shared reflections on love and the profound gifts that reading brings to our lives. This Saturday, I want to delve into the very foundation of these experiences: the power of "Focus." ကျွန်မတို့ အချစ်အကြောင်း ကဗျာတစ်ပုဒ် ဖတ်တဲ့အခါပဲဖြစ်ဖြစ်၊ စာအုပ်ကောင်းတစ်အုပ်ထဲ နစ်မြောသွားတဲ့အခါပဲဖြစ်ဖြစ် တစ်ခါတလေမှာ ပတ်ဝန်းကျင်ကိုပါ မေ့သွားတတ်ကြတယ်မလား? အဲ့ဒါကို "Flow State" လို့ ခေါ်ပါတယ်။ ဖုန်းသံတွေ၊ Notification တွေ မရှိတဲ့ ကမ္ဘာတစ်ခုထဲမှာ ကိုယ်မြတ်နိုးတဲ့အရာတစ်ခုနဲ့တင် နှစ်ယောက်မရှိ တစ်ယောက်တည်း စီးမြောနေရတဲ့ ခံစားချက်က တကယ့်ကို Surreal ဆန်လွန်းလှပါတယ်။ Whether we are immersed in a romantic poem or lost within the pages of a captivating book, we often find ourselves completely oblivious to the world around us. This is what w...